
Ubuntu OS သုံးစွဲသူများအနေဖြင့် မိမိကွန်ပျူတာမှာ Memory နှင့် CPU သုံးစွဲမှုကို စောင့်ကြည့်ရန်အတွက် Sysmonitor ကိုထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ System အတွင်းရှိ သုံးစွဲမှုများကို နောက်ကွယ်ကနေ စောင့်ကြည့်ပေးပြီး သုံးစွဲမှုများကို အမြဲဖော်ပြပေးနေမယ့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။
Sysmonitorကို Ubuntu OS မှာ ထည့်သွင်းဖို့အတွက်Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။
နောက်တစ်ဆင့်ကတော့ Sysmonitor ကို Install ပြုလုပ်ဖို့အတွက် Terminal မှာဖော်ပြပါ Command ကိုရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-
sudo add-apt-repository ppa:fossfreedom/indicator-sysmonitor
sudo apt-get update
sudo apt-get install indi cator-sysmonitor
ဆိုတဲ့ Command တွေပဲဖြစ်ပါတယ်။ အဆိုပါ Command တွေကို ထည့်သွင်းပြီးပြီဆိုရင် Sysmonitor နဲ့ သက်ဆိုင်တဲ့ Package တွေကို Download ပြုလုပ်သွားမှာဖြစ်ပြီး တစ်ခါတည်း Install ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Install ပြုလုပ်ပြီးသွားရင်တော့ Setting တွေကို မိမိစိတ်ကြိုက် ပြင်ဆင်ပြီး စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။