iOS 8.4 အသုံးပြုမှု ၄၀ ရာခိုင်နှုန်း ရှိလာ

ios8.4-SH-cnet-2015jul9.jpg

Apple ၏ iOS 8.4 သည် ထွက်ရှိပြီး ရက်သတ္တ တစ်ပတ်ခန့်အကြာတွင် iOS ထုတ်ကုန်အားလုံး၏ ၄၁ ရာခိုင်နှုန်းတွင် အသုံးပြု နေကြလျက်ရှိကြောင်း သုတေသနကုမ္ပဏီ Mixpanel မှဖော်ပြခဲ့သည်။

Apple ၏မိုဘိုင်း OS အသုံးပြုသည့် သုံးစွဲသူ အချက်အလက်များကို အခြေပြု၍ ဇွန် ၃၀ ရက်တွင် ထွက်ရှိသော iOS 8.4 အသုံးပြုမှု မြင့်တက်လာခြင်းကို Mixpanel က ခြေရာခံနိုင်ခဲ့သည်။ iOS 8.4 စတင်ထွက်ရှိချိန်တွင် Apple ထုတ်ကုန်များအားလုံး၏ ၃.၅ ရာခိုင်နှုန်းသာ အသုံးပြုခဲ့ပြီး နောက်တစ်ရက်တွင် အသုံးပြုမှု ၁၂.၂ ရာခိုင်နှုန်း ဖြစ်လာသည်။ ထို့နောက် ဇူလိုင် ၅ ရက်တွင် iOS 8.4 အသုံးပြုမှု ၃၂.၈ ရာခိုင်နှုန်းမှ ဇူလိုင် ၈ ရက်၌ ၄၁.၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ iOS 8.4 တွင် iBooks အဆင့်မြှင့်တင်မှုများ အပြင် အပြောင်းအလဲများစွာ ပြုလုပ်ထားသည်။ ၎င်း၏ အကြီးကျယ်ဆုံး ပြောင်းလဲမှုမှာ အခပေးတေးဂီတ ဝန်ဆောင်မှု Apple Music ပါဝင်လာခြင်းဖြစ်သည်။ တေးဂီတ ဝန်ဆောင်မှုများသည် သီချင်းများ နားထောင်ရာတွင် နာမည်အကျော်ကြားဆုံး နည်း လမ်းတစ်ခုဖြစ်ပြီး Apple အနေဖြင့် Spotify ကဲ့သို့ သုံးစွဲသူ ၁၅ သန်းရှိသည့် ဝန်ဆောင်မှုနှင့် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

Mixpanel ၏ အချက်အလက်များသည် ကုမ္ပဏီ၏ မိုဘိုင်း app သုံးစွဲမှုကို အခြေပြု၍ ဆန်းစစ်ထားခြင်း ဖြစ်သောကြောင့် သုံးစွဲသူ အများစုကို လွှမ်းခြုံထားနိုင်သည်။  

Ref: CNET