
ဒီအပတ်မှာတော့ CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ နဲ့အောင်မြင်ခဲ့တဲ့ ကိုစွမ်းထက်အောင်ရဲ့ Student Life ကိုဖော်ပြပေးမှာဖြစ်ပါတယ်။
အမည်လေးသိချင်ပါတယ်။
ကျွန်တော့်နာမည် ကိုစွမ်းထက်အောင်ဖြစ်ပါတယ်။
CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ နဲ့အောင်မြင်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုရအောင် ဘယ်လိုကြိုးစားခဲ့ရသလဲ။
CCNA စာမေးပွဲကို အမှတ် ၁,၀၀၀ နဲ့အောင်မြင်ခဲ့တာကတော့ Lecture ပိုင်းရော၊ Lab ပိုင်းနှင့် လက်တွေ့ပိုင်းကိုပါ သေချာအောင် လေ့ကျင့်ခဲ့ပါတယ်။ သင်ကြားပေးခဲ့တဲ့ဆရာ့စကားကိုလည်း အာရုံစိုက် နားထောင်ပြီး Lab ခန်းမှာ လည်း Packet Tracer ကိုအသုံးချပြီး Real Router တွေ Switch တွေနဲ့ပါ Lab ကိုသေချာလုပ်ခဲ့ပါတယ်။ အတန်းကို ပုံမှန်တက်ပြီး Lecture ရော၊ Lab ပိုင်းကိုပါ ကောင်းကောင်းပြုလုပ်ခဲ့ပါတယ်။
ဒီဘာသာရပ်ကိုရော ဘာကြောင့်တက်ဖြစ်တာလဲ။
IT Field ထဲမှာ Network ပိုင်းကို Professional လမ်းကြောင်းအဖြစ်နဲ့သွားချင်လို့ CCNA ကို တက်ရခြင်းဖြစ်ပါတယ်။
ဒီဘာသာရပ်နဲ့ဆက်နွှယ်တဲ့ နောက်ထပ်ဘာသာရပ်တွေကို ထပ်ပြီးလေ့လာဖို့ရှိသလား။
CCNA ပြီးသွားတဲ့နောက် အခုတော့ YOUTH Computer Center မှာ CCNP (Routing & Switching) ကို တက်ရောက်နေပါတယ်။
CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ ရရှိခဲ့တဲ့အတွက် ဘယ်လိုခံစားရသလဲ။
ကျွန်တော်မထင်မှတ်ထားတဲ့ အမှတ် ၁,၀၀၀ ရခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒါတွေကလည်း ကျွန်တော့်ကို သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုကြောင့်ရခဲ့တာပါ။
CCNA နဲ့ပတ်သက်တဲ့သင်ကြားမှုပုံစံလေးကိုလည်း ပြောပြပေးပါဦး။
CCNA ဘာသာရပ်ကို Lecture ပိုင်း၊ Lab ပိုင်းနဲ့ လက်တွေ့ပိုင်းအနေနဲ့ခွဲပြီး သင်ကြားပေးပါတယ်။ ဆရာတွေရဲ့ Lecture ပိုင်း သင်ကြားမှုရော၊ Lab အတွက် Packet Tracer၊ GNS 3 ကိုအသုံးချပြီး သေချာသင်ကြားပေးခဲ့တဲ့ အတွက် Lab ခန်းမှာ Switch တွေ၊ Router တွေနဲ့ ပြန်ပြီးလေ့ကျင့်တဲ့ အခါ မစိမ်းတော့ဘဲ Lab Practical လုပ်ရတာအဆင်ပြေမှာဖြစ်ပါတယ်။ သင်တန်းပြီးသွားပြီဆိုရင် တော့ YOUTH Computer Test Center မှာဖြေလို့ရပါတယ်။ မဖြေခင်မှာ Exam အတွက်ကတော့ သက်ဆိုင်ရာ ဆရာတွေဆီမှာ Pre Test ကို (၂) ကြိမ်ဖြေဆိုရပါတယ်။ အဲဒီမှာ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်မှသာလျှင် CCNA Exam ကို ဝင်ရောက်ဖြေဆိုခွင့်ပေးပါတယ်။ ဆရာဦးဇော်လင်း၊ ဆရာလင်းလင်းကျော်နှင့် ဆရာ၊ ဆရာမများ၏ သင်ကြားမှုကြောင့်လည်း ကျောင်းသား၊ ကျောင်းသူတိုင်း အမှတ် ကောင်းကောင်းဖြင့်အောင်မြင်ခဲ့ပါတယ်။
CCNA နဲ့ပတ်သက်ပြီး လေ့လာချင်တဲ့ ကျောင်းသားတွေအတွက် အကြံပြုစကားပြောပေးပါဦး။
IT Field ထဲမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ အစ်ကို၊ အစ်မများကို အကြံပေး ချင်တာက ကိုယ်သွားချင်တဲ့လမ်းကြောင်း၊ ဘယ်အပိုင်းကို ဝါသနာပါလဲဆိုတာကြည့်စေချင်ပါတယ်။
Network ပိုင်းကိုစိတ်ဝင်စားလို့ Professional တစ်ယောက်အနေနဲ့လုပ်မယ်ဆိုရင်လည်း ကိုယ်က Cisco ပိုင်းလိုက်မှာလား၊ Linux ပိုင်းလား၊ Microsoft ပိုင်းလား ကိုယ်ဘယ်လိုအနေအထားမျိုးသွား ချင်တဲ့အပေါ်မူတည်ပြီး ရွေးချယ် စေချင်ပါတယ်။ CCNA ကိုတက်မယ်ဆိုရင် A+ Knowledge, Network Engineer ကိုတတ်မြောက်ပြီးမှ CCNA ကို Join တာ ပိုအဆင်ပြေပါတယ်လို့ပြောချင်ပါတယ်။ နောက်ဆုံးအကြံပေးချင်တာက ကိုယ်ဝါသနာပါတဲ့ Field မှာ လမ်းကြောင်း မှန်ကန်စွာရွေးချယ်နိုင်ရင်၊ ကြိုးစားရင် ဘယ်သူမဆို အောင်မြင်မှာပါလို့ပြောချင်ပါတယ်။
ဒီဘာသာရပ်ပြီးမြောက်တဲ့အခါ ဘယ်လိုဘာသာရပ်တွေကို ဆက်ပြီးလေ့လာသင့်သလဲ။
CCNA ပြီးသွားရင် CCNP ဆက်တက်လို့လည်းရနိုင်သလို Data Center, Video, Service Provider, Voice, Security, Wireless နှင့် ဒီဇိုင်းပိုင်းစတဲ့ ကိုယ်ကြိုက်တဲ့ လမ်းကြောင်းကို သွားနိုင်မှာ ဖြစ်ပါတယ်။