eGovernment Portal တစ်ခု စတင်ဆောင်ရွက်နေဟုဆို

Update News_5.jpg

eGovernment Portal တစ်ခု စတင်ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ကမ္ဘာ့ဘဏ်နှင့် စာချုပ်ချုပ်ဆို၍ အဆိုပါ Web Portal ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကမ္ဘာ့ဘဏ်နဲ့ စာချုပ်ချုပ်ပြီးတော့ eGovernment Portal တစ်ခုလုပ်ဖို့အတွက် ကျွန်တော်တို့ လုပ်နေတယ်။ အဲဒါကို လုပ်နေပြီ။ eGovernment ကလည်း ဝန်ကြီးဌာနတစ်ခုတည်း မဟုတ်ဘူး၊ တခြားအဖွဲ့အစည်းတွေ၊ တခြားဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရတဲ့အတွက် လုပ်တော့လုပ်နေတယ်။ နိုင်ငံတကာအကူအညီ ရယူပြီးတော့လည်း ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးဌာနပိုင်းဆိုင်ရာ eGovernment ဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြောကြားသည်။

“Web Portal ကတော့ သိပ်မကြာပါဘူး၊ ခြောက်လပေါ့၊ ဒီဇိုင်းလုပ် ဘာညာနဲ့ Web Portal ကို အသက်သွင်းတာကတော့ သိပ်မကြာဘူး၊ မြန်မြန်ဖြစ်မှာပါ” ဟု ဆက်လက်ပြောကြားသည်။