Yagon ICT Fair (Sep 2015) ကို စက်တင်ဘာလတွင် ကျင်းပပြုလုပ်ရန် စီစဉ်

ICT-AT-Tatmataw-News-2015july9.jpg

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူ တာလုပ်ငန်းရှင်အသင်း (Yangon RCIA) နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူ တာပညာရှင်အသင်း (Yagon RCPA) တို့ ပူးပေါင်းကျင်းပမည့် Yagon ICT Fair (Sep 2015) ကို  စက်တင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ Mobile, Tablet နှင့် IT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းကဏ္ဍများကို အထူးစိတ်ဝင်စားသော စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကျောင်းသား၊ ကျောင်းသူများ လူငယ် များနှင့် ပြည်သူလူထုတို့အား ကွန်ပျူ တာပစ္စည်းများ၊ ကွန်ပျူ တာဆက်စပ် အပိုပစ္စည်းများ၊ နောက်ဆုံးပေါ် အီလက်ထရောနစ်ပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ Mobile နည်းပညာနှင့် ပစ္စည်းများ၊ ကွန်ပျူတာအသုံးချဆော့ဖ်ဝဲနည်းပညာများကို တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ Yangon ICT Fair (Sep 2015) ကိုကျင်းပပြု လုပ်ရန်စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

နည်းပညာပြပွဲတွင် Mobile, Tablet နှင့် IT နယ်ပယ်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ အီလက်ထရောနစ် ကုမ္ပဏီများ၊ ဆက်သွယ်ရေးပစ္စည်းအရောင်း ဆိုင်များ၊ CD အရောင်းဆိုင်များ၊ စာအုပ်အရောင်းဆိုင်များ အစရှိသည်တို့အပြင် သတင်းအချက်အလက်နှင့် နည်းပညာကို စိတ်ပါဝင်စားသူ မည်သည့်ကုမ္ပဏီအမျိုးအစားမဆို ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

ပြပွဲတွင် ပါဝင်ပြသလိုသော ကုမ္ပဏီများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူ တာလုပ်ငန်းရှင်အသင်း (Yangon RCIA) ရုံးခန်း၊ ဖုန်း ၀၁-၂၃၀၅၀၃၄ နှင့် ၀၉-၄၂၅၀၂၂၉၇၆၊ အီးမေးလ်[email protected] သို့ ဇူလိုင်လ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီနောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ပြီးအခန်းများ မဲနှိုက်သည့်အခမ်းအနားကို ဇူလိုင် ၂၅ ရက်၊ နံနက် ၁၀ နာရီတွင် အခန်း (၂၀၅)၊ Main Building, MICT Park ၌ ကျင်းပပြုလုပ်မည်ဟု သိရသည်။