Nintendo ဂိမ်းကုမ္ပဏီ အကြီးအကဲ ဆာတိုရု အီဝါတ ကွယ်လွန်

11707527_10153060781152825_1486710896444320260_n.jpg

Nintendo ကုမ္ပဏီ၏ အကြီးအကဲဖြစ်သော ဆာတိုရု အီဝါတသည် အသက် ၅၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ အဆိုပါ သတင်းသည် ဂျပန်နိုင်ငံရှိ Nintendo ကုမ္ပဏီ ရှင်းနှီးမြှုပ်နှံသူများအဖွဲ့မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အီဝါတသည် သည်းခြေပြွန် ကြီးထွားလာခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကုမ္ပဏီမှ ဖော်ပြခဲ့သည်။

အီဝါတသည် အစောပိုင်းကာလများက Kirby series, Earthbound နှင့် Smash Brothers Melee စသည့် ဂိမ်းများကို ဖန်တီးသော HAL ကုမ္ပဏီတွင် ပရိုဂရမ်မာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

၂၀၀၀ ခုနှစ်တွင် အီဝါတသည် Ninendo သို့ ဒါရိုက်တာတစ်ဦး အနေဖြင့် ရောက်ရှိခဲ့သည်။ ၎င်းသည် ၂၀၀၂ ခုနှစ်တွင် ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ အီဝါတသည် Nintendo သမိုင်းတွင် စတုတ္ထမြောက် ဥက္ကဋ္ဌ ဖြစ်လာပြီး တည်ထောင်သူ ဖူဆာဂျီယို ယာမာအူချီနှင့် မသက်ဆိုင်သော Nintendo ၏ ပထမဦးဆုံး ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အီဝါတသည် Nintendo of America ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

အီဝါတ၏ programming ကျွမ်းကျင်မှုသည် အံ့အားသင့်စရာကောင်းကြောင်း လူအများက ဆိုကြပြီး ၎င်းသည် Smash Bros. Melee နှင့် Earthbound စသည် ဂိမ်းများကို အချိန်မီ တင်ပို့ရောင်းချနိုင်ရန်အတွက် programmer တစ်ဦးအနေဖြင့် ကူညီလုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။

Ref: TechCrunch