ScanBee

Scan.jpg

iPhone, iPad တို့ဖြင့် စာရွက်စာတမ်းများကို အလွယ်တကူ လျင်လျင်မြန်မြန် Scan ဖတ်ပြီး သိမ်းဆည်းနိုင်မည့် App တစ်ခု ဖြစ်သည်။ အလုပ်ကိစ္စနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို အခြားသူ တစ်ယောက်ထံ အီးမေလ်းပေးပို့ရမည်ဆိုပါကလည်း Scan ဖတ်၍ အလွယ်တကူ အီးမေလ်းဖြင့် ပေးပို့နိုင်မည် ဖြစ်သည်။

အဆိုပါ App ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download လုပ်ယူနိုင်မည်ဖြစ်သည်။ iOS Version 7.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။