iPhone မှ contact list များကို Windows 8 တွင် CSV ဖိုင်ဖြင့် သိမ်းဆည်းခြင်း

exportiPhonecontacts-featuredimage.jpg

iPhone အသုံးပြုသူများအနေနဲ့ ကိုယ့်ရဲ့ ဖုန်းအတွင်းမှာရှိတဲ့ contact cist များကို Windows 8 အတွင်း Export ပြုလုပ်ချင်တယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ Windows 8 အသုံးပြုထားတဲ့ PC မှာ contact list ကို CSV ဖိုင်နဲ့ သိမ်းဆည်းမယ်ဆိုရင် iTunes နဲ့ ချိတ်ဆက်ပြီး ပြုလုပ်ရပါမယ်။

iTunes ကို PC မှာ ဖွင့်လိုက်ပါ။

ကွန်ပျူတာနဲ့ iPhone ကို ချိတ်ဆက်ပြီး iPhone icon ကို ရွေးရပေးရပါမယ်။ iPhone icon ကိုရွေးပြီးရင် Back Up Now ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။

Backup လုပ်ပြီးရင် iPhone အတွင်းမှ Settings ကိုသွားပါ။ ပြီးရင် iCloud ကိုရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ iCloud အောက်မှ Contacts ဆိုတဲ့ နေရာမှာ toggle လေးကို ပိတ်ပေးရပါမယ်။

ပြီးသွားရင် iTunes ဘယ်ဘက် Panel မှာ info ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ ပြီးရင် Sync contacts with ဆိုတဲ့ Check box မှာ အမှန်ခြစ်လေး ထည့်ပေးရမှာဖြစ်ပါတယ်။ အမှန်ခြစ်လေး ထည့်ပေးပြီးရင် Windows contacts ဆိုတာကို ရွေးချယ်ပေးထားတာကို တွေ့မြင်ရပါမယ်။

နောက်တစ်ဆင့်ကတော့ ကွန်ပျူတာပေါ်ကနေ Win+R ကို နှိပ်ပြီး Run box ကို ဖွင့်ပါ။ Run box ပေါ်လာရင် wab ဆိုတဲ့ command ကို ရိုက်ထည့်ရမှာဖြစ်ပါတယ်။ အဆိုပါ Command ဟာ Desktop ပေါ်မှာ ကိုယ့်ကွန်ပျူတာနာမည်နဲ့ Contact ဖိုဒါကို တည်ဆောက်ပေးမယ့် Command ပဲဖြစ်ပါတယ်။ အဲ့ဒီ Contact Folder ရဲ့ အပေါ်ဘက် ညာဘက်နားလေးမှာ double arrow လေးကို တွေ့ရပါမယ်။ အဆိုပါ နေရာကို နှိပ်ပြီး Export ဆိုတာကိုရွေးချယ်ပေးလိုက်ပါ။

Export ကိုရွေးချယ်လိုက်ရင် Export Windows Contacts ဆိုတဲ့ Box ကိုတွေ့ရမှာဖြစ်ပြီး Export ဆိုတဲ့ ခလုတ်ကို နှိပ်ပေးလိုက်ရင် နောက်တစ်ဆင့်ကို ရောက်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ CSV ဖိုင်ကို သိမ်းဆည်းမယ့် လမ်းကြောင်းကို နှစ်သက်သလို ရွေးချယ်ပေးနိုင်ပါတယ်။

လမ်းကြောင်း ရွေးချယ်ပြီးရင် Next ကို ထပ်နှိပ်လိုက်ပါ။ Contact List တွေထဲမှာ မှတ်ထားတဲ့ Email တို့ လိပ်စာတို့နဲ့ နာမည်တွေကို နှစ်သက်သလို တစ်ခါထဲ Backup ပြုလုပ်ထားနိုင်မှာ ဖြစ်သလို၊ နာမည်နဲ့ ဖုန်းနံပါတ်ပဲ ထုတ်ထားချင်တယ်ဆိုရင်လည်း သက်ဆိုင်ရာနေရာကို အမှန်ခြစ်ထည့်ပြီး Finish ဆိုတာကို နှိပ်လိုက်ရင် iPhone ထဲက Contact List ကို Windows 8 ထဲ CSV ဖိုင်အနေနဲ့ Export ထုတ်တဲ့ လုပ်ငန်း ပြီးဆုံးသွားပါပြီ။

Ref : maketecheasier