ပြည်တွင်း၌ Line အသုံးပြုသူ ၃၀၀ ရာခိုင်နှုန်းခန့် တိုးလာဟုဆို

11722486_10205103774973869_6537222322613304602_o.jpg

ပြည်တွင်း၌ Line အသုံးပြုသူ ၃၀၀ ရာခိုင်နှုန်းခန့် တိုးလာကြောင်း Line မှ Business Development Manager ကိုစောဇော်မျိုးထူးက ပြောသည်။

“ပြည်တွင်း မှာ Line အသုံးပြုမှုအနေနဲ့ မတ်လကနေ လက်ရှိအချိန်အထိ အသုံးပြုတဲ့သူ အရေအတွက် တိုးလာတာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

အဆိုပါ Application ကို နိုင်ငံပေါင်း ၂၈၀ ကျော်တွင် အသုံးပြုလျက် ရှိကြောင်း၊ ကမ္ဘာပေါ်တွင် ယင်း App အား လစဉ် အသုံးပြုသူပေါင်း ၁၈၁ သန်းနီးပါးရှိကြောင်း၊ တစ်နာရီလျှင် ခုနစ်သောင်းကျော် မှတ်ပုံတင်ပြုလုပ်ပြီး အသုံးပြုနေကြောင်း ဆက်လက်ပြောကြားသည်။

ပြည်တွင်း၌ သုံးစွဲသူအရေအတွက်၊ တိုးလာသည့်အရေအတွက် အတိအကျကို ထုတ်ပြန်ခြင်း မရှိသော်လည်း စတင်အသုံးပြုသည့်အချိန်မှ လက်ရှိအချိန်အထိ ၃၀၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဆိုသည်။

Line မှာ မက်ဆေ့ခ်ျများပေးပို့ခြင်း၊ Voice call, video call ခေါ်ဆိုခြင်းနှင့် အုပ်စုလိုက် စကားဝိုင်းများ ဝိုင်းဖွဲ့ပြောခြင်းကို ပြည်တွင်း၊ ပြည်ပ အခမဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်သည့် စမတ်ဖုန်း Life Platform တစ်ခု ဖြစ်သည်။

ဘရာဇီး၊ ပေါ်တူကီ၊ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စပိန်၊ ထိုင်း၊ တူရကီ၊ ဗီယက်နမ်၊ အာရပ် စသော ဘာသာစကားများကို Line က ပံ့ပိုးပေးထားသည်ဟု သိရသည်။ စမတ်ဖုန်း၊ ကွန်ပျူတာများ၊ i Device တို့တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။