
ဆွစ်ဇာလန်၏ စာပို့ဝန်ဆောင်မှုဌာနသည် အဝေးထိန်းလေယာဉ် (drone) များဖြင့် ပါဆယ်ပေးပို့သည့် ဝန်ဆောင်မှုကို စမ်းသပ်ခဲ့ကြောင်း၊ သို့သော်လည်း ၎င်းဝန်ဆောင်မှုကို နောက်ငါးနှစ်အတွင်း အသုံးပြုနိုင်ဖွယ် မရှိသေးကြောင်း ပြောကြားခဲ့သည်။
စာပို့ဝန်ဆောင်မှုဌာနမှ အမှုဆောင်များသည် drone များဖြင့် ပါဆယ်များ ပေးပို့ခြင်းကို ဇူလိုင်လ မကုန်မီအထိ စမ်းသပ်ရန် အင်္ဂါနေ့က စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ drone များတွင် ဒလက်လေးခု ပါဝင်ပြီး အလယ်တွင် ဆွစ်ဇာလန် စာပို့ဝန်ဆောင်မှု အမှတ်တံဆိပ်နှင့် အဝါရောင် သေတ္တာတစ်ခု ပါဝင်သည်။
“ဒီ drone ဟာ အင်မတန် ပေါ့ပါးပြီး တစ်ကြိမ် အားသွင်းရုံနဲ့ တစ်ကီလို အလေးချိန်တဲ့ အရာတွေကို ၁၀ ကီလိုမီတာ အကွာအဝေးအထိ သယ်ဆောင်နိုင်ပါတယ်။ ဒီ drone တွေဟာ Matternet (drone ကို ဖန်တီးတဲ့ အမေရိကန်ကုမ္ပဏီ) ရဲ့ cloud software က စီစဉ်ထားတဲ့ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းတွေကနေ အလိုအလျောက် ပျံသန်းနိုင်ပါတယ်။” ဟု ဆွစ်ဇာလန် စာပို့ဌာနမှ ပြောကြားခဲ့သည်။
၎င်းစီမံကိန်းကို ဆွစ်ဇာလန် စာပို့ဝန်ဆောင်မှုဌာနနှင့် ဆွစ်အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း၏ ဌာနခွဲဖြစ်သော Swiss WorldCargo တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
Ref: TheGuardian