သေးငယ်ပြီး ပေါ့ပါးသည့် Hero4 ကင်မရာသစ်ကို GoPro မိတ်ဆက်

10012975_10153049706257825_2494088802671023113_o.jpg

GoPro သည် ကုမ္ပဏီ၏ Hero4 မော်ဒယ်များအနက် အရွယ်သေးငယ်ပြီး ပေါ့ပါးသည့် Hero 4 ကင်မရာသစ် တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

GoPro mount များနှင့် အကောင်းဆုံး တွဲဖက်အသုံးပြုနိုင်မည့် Hero4 Session ကင်မရာကို ဇူလိုင်လ ၁၂ ရက်တွင် အမေရိကန်ဒေါ်လာ ၃၉၉ ဖြင့် ရောင်းချ သွားမည် ဖြစ်သည်။

၎င်းကင်မရာသည် 1080p ကို 60fps, 720p ကို 100fps နှင့် 1440p ကို 30fps ဖြင့် ရိုက်ကူးပေးမည် ဖြစ်သည်။

Session ကို ရေအနက် ၃၃ ပေအထိ သယ်ဆောင် အသုံးပြုနိုင်သောကြောင့် ရေစိုခံရန်အတွက် သီးခြားကာကွယ်မှုများ မလိုအပ်ဘဲ အသုံးပြုနိုင်မည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။ ထို့အပြင် ကြည်လင်ပြတ်သားသည့် အသံနှင့် ဗီဒီယိုအရည်အသွေးကို ရရှိနိုင်ပြီး ဆူညံသံများကို အလိုအလျောက် လျှော့ချပေးမည့် dual mics ကိုလည်း ထောက်ပံ့ပေးထားသည်။

၎င်းတွင် ခလုတ်တစ်ခုတည်းသာ ပါဝင်ပြီး ခလုတ်နှိပ်သည့် အပေါ် မူတည်ကာ မတူညီသော mode များကို အသုံးပြုနိုင်မည် ဖြစ်သည်။

Ref: TheNextWeb