BarCamp ၏ အဓိပ္ပာယ်

IMG_9214.jpg

BarCamp ဆိုသည်မှာ ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ တက်ရောက်လာသူများ၏ ကျွမ်းကျင်ရာ အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာများကို တစ်ချိန် တည်း၊ တစ်ပြိုင်နက်တည်း ဆွေးနွေး ဟောပြောနိုင်ရန် စီစဉ် ဖန်တီးပေးမည့် အခမ်းအနားတစ်ခု ဖြစ်သည်။ နိုင်ငံတကာတွင် တွင်ကျယ်လာသည့် နည်းတူ မြန်မာနိုင်ငံတွင်လည်း ပထမဦးဆုံး BarCamp ကို ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့တွင် စတင်ကျင်းပခဲ့ရာ အရှေ့တောင်အာရှ တစ်ဝှမ်း အအောင်မြင်ဆုံး အခမ်းအနား တစ်ရပ်ဖြစ်ခဲ့သည်။ ၎င်းနောက် BarCamp Yangon, BarCamp Mandalay, BarCamp Taunggyi, Barcamp Pathein, BarCamp Laisho, Barcamp Pyay အစရှိသည်ဖြင့် စဉ်ဆက်မပြတ် ကျင်းပလာခဲ့ သည်။ ယခုအခါ ပခုက္ကူမြို့တွင် ဒုတိယအကြိမ်မြောက် ဖြစ်လာသည်။

BarCamp များကို ကျင်းပပြီး ရရှိလာသော ရလာဒ်များနှင့် ပတ်သက်၍ BarCamp စီစဉ်သူ များက ဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။ ထို့ကြောင့် BarCamp ၏ သဘောသဘာဝအရ မိမိဆွေး နွေးလိုသော အကြောင်းအရာများ ကို လွတ်လပ်စွာ နှီးနှောဖလှယ် နိုင်မည် ဖြစ်သည်။ ၎င်းအပြင် BarCamp မှာ လူမှုရေး၊ နည်းပညာ၊ စီးပွားရေး အစရှိသည့် ကဏ္ဍများစွာကို ပေါင်းကူးပေးသည့် အတွက် စီးပွားရေး အကြောင်း သိချင်သူများ၊ နည်းပညာ အကြောင်း သိချင်သူများ၊ လူမှုရေး အကြောင်းအရာများ စသဖြင့် မိမိထွန်းကားရာနယ်ပယ် အလိုက် ဆွေးနွေးလိုသူ အချင်းချင်း တွေ့ဆုံနိုင်မည် ဖြစ်သည်။

Barcamp Pyay 2015 ၏ Organizer Team

ဦးရဲမြင့်အောင် (2015 Team Leader)

Barcamp Pyay 2015 မှာနည်းပညာကဏ္ဍတွေတင် မဟုတ်ပါဘူး စိုက်ပျိုးရေး ဆိုင်ရာ တွေ၊ ရှေးဟောင်း သမိုင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ လူငယ် တိုးတက်ရေးစတာတွေကိုပါ အသိပညာ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ဒေါ်ငြိမ်းငြိမ်းထိုက် (Co-Team Leader)

စတုတ္ထအကြိမ်မြောက် ကျင်းပမယ့် အခုနှစ်ဘားကမ့်မှာလူဦး ရေ ၂၅၀၀ လောက် တက်ရောက် မယ်လို့ မျှော်မှန်းထားတယ်၊ ထူခြားချက် အနေနဲ့ ပြည် ကနေပြီး အောင်မြင်သွားတဲ့ စာပေ၊ အနုပညာရှင်တွေကို ဖိတ်ခေါ်ပြီး အသိပညာဝေမျှသွားစေဖို့လည်း စီစဉ် ထားပါတယ်။ နောက်ပြီး လူငယ်တွေအတွက် ထိရောက်မှု ရှိမယ့် အစီအစဉ်တွေလည်း ပါဝင်မှာပါ။

ဦးဟိန်းထက်ဆွေ (Admin Team)

တစ်ခြားဒေသက လာရောက် မယ့် သူတွေအတွက်သွားလာရေး၊ တည်းခိုစရာတွေကအစ အဆင် ပြေအောင် စီစဉ်ထားပါတယ်၊ အသိပညာဝေမျှပေးမယ့်သူတွေ အတွက် နားနေခန်း၊ လိုအပ်တဲ့ ပစ္စည်းတွေ ကိုလည်း ထောက်ပံ့ပေးသွား မှာပါ။

ဦးမြတ်လူ (Tech Support Team Leader)

ဘားကမ့်ပြည်ကို လာရောက် တဲ့သူတွေအတွက် အင်တာနက် လိုင်း ကောင်းမွန်အောင် စီစဉ် ထားပါတယ်။ Data Sharing Center တွေလည်း လုပ်ထားပြီး ဝေမျှပေးသွားမယ်။

ဒေါ်လွင်ဦးခိုင်(Coordinator)

ဒီလိုအခမ်းအနားတွေ ကျင်းပပေးခြင်းအားဖြင့် နယ်ပယ် အသီးသီးက ဝါသနာတူသူတွေ တစ်နေရာတည်း မှစုစည်းပြီး ကိုယ်တတ် မြောက်ထားတဲ့ ပညာရပ်တွေကို အခြားသူတွေဆီမျှ ဝေပေးလို့ ရသလို အခြားသူ တွေမျှဝေသွားတဲ့ အကြောင်းအရာတွေကိုလည်း လေ့ လာနိုင်မှာ ဖြစ်ပါတယ်။

ဦးကိုကိုခိုင် (Funds Raising Team leader)

အခုနှစ် ဘားကမ့်ဖြစ်မြောက်ဖို့ e Marketing အသုံးပြုပြီးတော့ လည်း ဆောင်ရွက်ခဲ့ပါတယ်။ Barcamp Pyay 2015 ဖြစ်မြောက် ရေးအတွက် Official Partner အဖြစ် Telenor က ကူညီပံ့ပိုးပေးပါတယ်၊ လက်ရှိ Platinum Sponsor အဖြစ် ၀န်ဇင်းနဲ့ myKyats တို့ကကူညီပံ့ပိုးပေး ထားပါတယ်။

ဦးဝေယံသွင် (PR- Team Leader)

Barcamp Pyay 2015 တက် ရောက်ခြင်းအားဖြင့် ဒေသခံတွေ အသိပညာ၊ အတတ်ပညာ အချင်းချင်း ဖလှယ်နိုင်မှာဖြစ်ပြီး ဗဟုသုတရစေဖို့ ရည်ရွယ်ပါတယ်။

ဦးမျိုးမင်းထွဋ် (PR- Team, ပြည်)

ပြည်ကလူတွေနဲ့ပြည်အနီးတစ်ဝိုက်မှာရှိတဲ့သူတွေ ဒီအခမ်း အနားကိုသိစေဖို့ လက်ကမ်း စာစောင် တွေဝေမျှပေးတာတို့၊ ဗီနိုင်းလိုက်ကပ်တာတို့ ဆောင်ရွက် ထားပါတယ်၊ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ Collaboration & sharing together ဖြစ်ပါတယ်။

Barcamp နှင့်ပတ်သက်၍

Q :  BarCamp (ဘားကမ့်) ဆိုတာ ဘာလဲ။

A : နယ်ပယ် အရပ်ရပ်၊ ကဏ္ဍအသီးသီးက အတတ်ပညာရှင် အသိပညာရှင်များဟာ တစ်နေ့ တည်း တစ်နေရာထဲမှာ စုစည်းပြီး ကိုယ်သိကျွမ်း တတ်မြောက်တဲ့ နည်းပညာ၊ဗဟုသုတတွေကို  မျှဝေ ပေးဖို့ ဆွေးနွေးဖလှယ်၊ ဝိုင်းဝန်း နှီးနှောတဲ့ ပွဲတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

Q : BarCamp Pyay ဆိုတာ BarCamp နဲ့ ဘာကွာလဲ။

A: ဘားကမ့်များကို နိုင်ငံ တကာမှာ မြို့အမည်များဖြင့် ကျင်းပလေ့ရှိပါတယ်။ BarCamp Tokyo, BarCamp Hong Kong, BarCamp Miami, BarCamp Phnom Penh , BarCamp Yangon စသဖြင့် မြို့အမည်များ တပ်ပြီး ကျင်းပလေ့ရှိပါတယ်။ BarCamp Pyay ဆိုတာကတော့ ပြည်မြို့မှာ လုပ်မဲ့ BarCamp တစ်ခုပေါ့။

Q: ဘယ်သူတွေ တက်ရောက် လို့ရလဲ? ဘယ်လို တက်ရောက်ရ မလဲ? တက်ရောက်ဖို့ ဘာတွေလို မလဲ?

A: ကြီးကြီးငယ်ငယ် အရွယ် မရွေး မည်သူမဆို တက်ရောက်လို့ ရပါတယ်။ တက်ရောက်ဖို့အတွက် ဘာမှ မလိုအပ်ပါဘူး။ ပွဲရက်မှာ ကျင်းပမဲ့ နေရာကို လာရောက် ဖို့ပါပဲ။

Q: ဦးဆောင် ဆွေးနွေးဖို့ (Speaker) ဆိုရင်ရော စာရင်း ပေးစရာလိုလား ၊ ဘာတွေလိုလဲ?

A: ဦးဆောင် ဆွေးနွေးဖို့ ဆိုရင်လည်း ဘာမှ မလိုအပ် ပါဘူး။ ဆွေးနွေးမဲ့ ခေါင်းစဉ်ကို လည်း ကြိုတင်စာရင်းပေးစရာ မလိုပါဘူး။ မိမိတို့ ကိုယ်ပိုင် ပတ်ဝန်းကျင်မှာတော့ ကြိုတင် ကြေညာထားချင်ထားလို့ ရပါတယ်။ ဘာမှ မလိုအပ်ပါဘူး မိမိ ပြောမဲ့ ခေါင်းစဉ်အတွက် ပြင် ဆင်ပြီး ပွဲကို လာရုံပါပဲ။

Q: တက်ရောက်ဖူးသူမှလား ယခုမှ စတင်တက်ရောက်မဲ့သူ ဆိုရင်ရော ဘာတွေ လိုအပ်မလဲ?

A: ဘာမှ မလိုအပ်ပါဘူး ။ စတင်တက်ရောက်မည့်သူဆိုလဲ လာခဲ့ရုံပါပဲ camp ကျင်းပရာ နေရာထဲမှာ ကူညီပေးမဲ့ ပွဲစီစဉ် ကျင်းပသူ (organizers) တွေ နဲ့  volueenters တွေက ကူညီပေးပါ လိမ့်မယ်။ သူတို့ကိုလည်း အကူ ညီတောင်းခံနိုင်ပါတယ်။

Q: ဘားကမ့်မှာ ဘာအကျိုး ကျေးဇူးတွေ ရနိုင်လဲ ?

A: ဘားကမ့်ပွဲကို တက်ရောက် ဆွေးနွေးလေ့လာမယ်ဆိုရင် နယ်ပယ်အသီးသီးက ကဏ္ဍအသီးသီးက နည်းပညာရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်တွေ ရဲ့ဆွေးနွေး မျှဝေမယ့်  ဗဟုသုတများစွာ ကို ရရှိနိုင်သလို မိမိနဲ့ ဝါသနာတူ မိတ်ဆွေအသစ်များ အသိပညာရှင် မိတ်ဆွေများလဲ သာမက
စိတ်ကူး အသစ် အကြံဥာဏ်သစ်များလဲ ရရှိနိုင်ပြီး မိမိတို့ နယ်ပယ်ဟာလည်း ယခင်ထက် ပိုမို ကျယ်ပြန့် တိုးတက်လာမှာ ဖြစ်ပါတယ်။