BitTorrent

BitTorrent ဆိုသည်မှာ ရုပ်ရှင်များနှင့် တီဗီရှိုးများကဲ့သို့ အရွယ်အစား အလွန်ကြီးမားသည် ဖိုင်များကို peer-to-peer ဝေမျှခြင်းနှင့် အကျိုးရှိစေသော ဆော့ဖ် ဝဲဝေမျှခြင်းတို့ကို ပြုလုပ်စေနိုင်သည့် content distribution protocol တစ်ခု ဖြစ်သည်။

BitTorrent ၏ protocol ကို ဖြန့်ကြဲထားသည့် ဖိုင်များကို စုစည်းပေးသော file transfer protocol တစ်ခုအဖြစ် ခေါ်ဆိုကြသည်။ ၎င်းသည် သုံးစွဲသူ တစ်ဦးချင်းစီက တောင်းဆိုသော ဖိုင်ကို download ပေးပို့ခြင်းထက် content ကို ဖြန့်ဝေသူ သို့မဟုတ် ပိုင်ဆိုင်သူက သုံးစွဲသူတစ်ဦးချင်းစီ အပြန်အလှန် download လုပ်နိုင်ရန် ပေးပို့သည်။ သုံးစွဲသူများ ဝေမျှသည့် download ပြုလုပ်နိုင်မည့် အပိုင်းအစများသည် download ပြီးဆုံးသည်အထိ ဟိုမှသည်သို့ သွားလာနေမည် ဖြစ်သည်။ ၎င်းဖြန့်ဝေမှုသည် bandwidth ပမာဏ အများအပြားမလိုဘဲ အရွယ်ကြီးမားသည့် ဖိုင်များ တောင်းဆိုမှုကို မူရင်း server မှ ကိုင်တွယ်နိုင်မည်ဖြစ်သည်။

ဘရန်ကိုဟန်သည် BitTorrent ကို Python နှင့်ရေးသားပြီး ၂၀၀၁ ခုနှစ်တွင် စတင်ဖြန့်ချိခဲ့သည် BitTorrent သည် open source လိုင်စင်ဖြင့် လွတ်လပ်စွာ ဖြန့်ဝေလျက်ရှိသည်။