ဂိမ်းညှို့ချက် ပြင်းလာတဲ့ msi

MSIGT72gaming02-UTW-online-Article-2015july1.jpg

တရုတ်(တိုင်ပေ)မှာ ၃၅ ကြိမ်မြောက် ကျင်းပတဲ့ Computex 2015 ပွဲမှာ ပီစီဂိမ်းလောကအတွက် ရှေ့ဆုံးက ဦးဆောင်နေတဲ့ msi ကုမ္ပဏီက ပစ္စည်းသစ်တွေကို ညှို့ချက်ပြင်းပြင်းနဲ့ ခင်းကျင်းပြသခဲ့တယ်။ Msi (Micro-Star International) ကုမ္ပဏီကြီးက ၁၉၈၆ ခုနှစ်ကတည်းက တိုင်ပေမှာ အခြေစိုက်တည်ရှိခဲ့ပြီး ကွန်ပျူတာ Hardware နဲ့ အိမ်သုံးကုန် အီလက် ထရွန်နစ် ပစ္စည်းများကို ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်တယ်။ ကိုယ်တိုင်ပီစီကွန်ပျူတာ တပ်ဆင်သူတွေနဲ့ အသင့်သုံး တပ်ဆင်ရောင်းချ ခဲ့သူတွေ အနေနဲ့ msi အမှတ်တံဆိပ်ကို မရင်းနှီးသူ မရှိသလောက်ဖြစ်တယ်။ စတင်တည်ထောင်စဉ် ကာလကတည်းက Motherboard များနဲ့ Video Card ဆိုတဲ့ Graphic Card တွေကို ထုတ်လုပ်ရောင်းချခဲ့လို့ Desktop ကွန်ပျူတာ ဆင်ရောင်းချသူတိုင်းက သိရှိရင်းနှီးကြတယ်။ အထူးသဖြင့် ပိစီကွန်ပျူတာ 286 အမျိုးအစားအဆင့်ကို ထုတ်လုပ်ကြတဲ့ ၁၉၈၇ ခုနှစ်လောက်မှာပင် over clock ပံ့ပိုးဆောင်ရွက်နိုင်တဲ့ Mother board ကို ကမ္ဘာပေါ်မှာ ပထမဆုံး ထုတ်လုပ်နိုင်ခဲ့တယ်။ တစ်နည်းပြောရင် Chips များ အဆင့်ဆင့် တိုးတက်ထုတ်လုပ်နိုင်တဲ့ သမိုင်းစဉ်အတိုင်း လိုက်လျော ညီထွေဖြစ်စေတဲ့ Motherboard နဲ့ Graphic များကို မော်ဒယ်အမျိုးမျိုးနဲ့ ထုတ်လုပ်လေ့ရှိတယ်။

ကွန်ပျူတာ အစိတ်အပိုင်းရဲ့ အဓိက Hardware များဖြစ်တဲ့ Motherboard နဲ့ Graphic Card များကို ထုတ်လုပ်ရင်း msi အမှတ်တံဆိပ်ပါ Barebone PCs များ၊ Desktop များ၊ Laptops များ၊ Server များကိုပါ အစဉ်တစိုက် ထုတ်လုပ်ရောင်းချ လာခဲ့ရာမှာ လည်းအောင်မြင်မှုတွေ ရှိခဲ့ပြန်ပါတယ်။ အထူးသဖြင့် ဂိမ်းနုတ်ဘုတ်တို့၊ ဝင်းနုတ်ဘုတ်တို့နဲ့ All-in One PCs တွေမှာ နာမည်ကျော်ကြား လူကြိုက်များခဲ့တယ်။ ယခုအခါ စက်ရုံလုပ်ငန်းသုံး ကွန်ပျူတာများနဲ့ မော်တော်ကားသုံး intertainment Products များကို ထုတ်လုပ်နေတဲ့အပြင် ဒီနေ့ပေါ်ပြူလာ ဖြစ်လာတဲ့ IoTs (Internet of Things) အတွက် ကုန်ပစ္စည်းများကိုပါ စတင်ထုတ်လုပ် နေပြီဖြစ်ပါ တယ်။ Game Notebook များကို ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီများကို ၂၀၁၂ ခုနှစ် စီအီးအက်စ် ပြပွဲကြီးရဲ့ Design and Engineering Awards ကို ဆွတ်ခူးပြီးတဲ့နောက် သိသိသာသာကြီး ဖြတ်ကျော်သွားနိုင်ခဲ့တယ်။

Motherboard ရဲ့ စွမ်းဆောင်ရည်နဲ့ Graphic Card တို့ရဲ့ အင်အားကြောင့် ဂိမ်းကစားနိုင်တဲ့ ပီစီများ ထုတ်လုပ်နိုင်ခဲ့သလို၊ ဓာတ်ပုံလုပ်ငန်း၊ ဗီဒီယိုလုပ်ငန်းနဲ့ စက်ရုံ အလုပ်ရုံသုံး ပီစီကွန်ပျူတာများကိုလည်း ထုတ်လုပ်ပေးခဲ့တဲ့အတွက် msi servers များ နာမည်ရခဲ့တယ်။ Gaming Series Server များလို့ သတ်မှတ်ခေါ်ဆိုကြတယ်။ ကြေးစားဂိမ်းသမားများဆိုရင် msi တံဆိပ်ပါ ပီစီပိုင်ဆိုင်ထားမှုကိုပင် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုမှုတွေ ရှိနေပါတယ်။ msi ကလည်း ဂိမ်းသမားများအတွက် ပြိုင်ပွဲကြီးများကို ကမကထ လုပ်ကာ ကျင်းပပေးခဲ့တာလည်း ၅ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။

ပြခန်းပေါင်း ၅၀၀၀ လောက်ရှိပြီး ကုမ္ပဏီအဖွဲ့အစည်းပေါင်း ၁၇၀၀ ကျော်ရှိရာမှ msi ပြခန်းအတွင်းက ဂိမ်းညှို့အားတွေကြောင့် စိတ်ဝင်တစားကြည့် ရှုသူအများအပြား ရှိခဲ့တယ်။ Gaming All-in-One မော်ဒယ် အမျိုးမျိုး၊ Gaming Desktop PC အမျိုးမျိုး၊ Gaming Notebook အမျိုးမျိုးတို့နဲ့ အတူ နောက်ဆုံးပေါ် Chipset သုံး Motherboard နဲ့ Graphic Card များကို ပြသထားတယ်။ ပါဝါသုံးစွဲမှု အနည်းဆုံး ဖြစ်စေမယ့် Mini-PC အသစ်နဲ့ IoT ဆိုင်ရာက လုံခြုံရေး ကင်မရာ အသစ်များကလည်း ဆွဲဆောင်မှု အပြည့်ရှိတယ်။

အကောင်းဆုံး notebook တွေထဲက GT72 မော်ဒယ်အနေနဲ့ ကမ္ဘာပေါ်မှာ ပထမဆုံး Eye-Tracking Technology နဲ့ NVIDIA G-SYNC သုံးထားတဲ့ အတွက် powerful machine လို့ နားလည်စေသလို GT80 မော်ဒယ်မှာ SLI graphics ကို သုံးထားပြီး ကမ္ဘာပေါ်မှာ ပထမဆုံးလို့ ပြောဆိုနိုင်တဲ့ Pack Killer Wireless-AC 1535 ပါရှိတာကြောင့် Ultimate Gaming  Beast လို့ ဆိုညွှန်းထားတယ်။ msi GS60 Red version နဲ့ GS 70 Silver Version တွေနဲ့အတူ ကမ္ဘာပေါ်မှာ နာမည်ကြီးလှတဲ့ Final Fantasy Type-O Game ကို ဖွင့်ချမိတ်ဆက် သွားတာကလည်း ပရိသတ်အပေါ်ကို စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သွားစေတယ်။ ဂိမ်းကစားသူတိုင်းက အမြင်အာရုံအပြင် အသံအာရုံကို လည်း အလေးထားလေ့ ရှိကြတယ်။ ဒီအတွက် msi အနေနဲ့ Nahimic Sound Technology ကိုဖြည့်ဆည်း ပံ့ပိုးထားခဲ့တယ်။ ဒီနည်းပညာကို GS 60/70 နဲ့ GE 62/72 စီးရီးကနေ နောက်ဆုံးထုတ် Gaming Notebook အထိ ပံ့ပိုးပေးခဲ့တာ ဖြစ်တယ်။ ဒီအတွက် Computex 2015 မှာ Nahimic Sound ခံစားမှုအပြည့် အဝရရှိစေဖို့ steel series gaming headset ကိုပါ တွဲဖက်ပြသပေး တယ်။ Intel 4th Gen Processor နဲ့ NVIDIA Geforce GTX 950M/ 960M GPU ပေါ်ထွန်းပြီးနောက် ပိုင်းမှာ msi True color Technology ကို Matrix Display များနဲ့အတူ ပေါင်းစပ်ခံစားခွင့်တွေ ရရှိခဲ့တာကြောင့်လည်း msi Gaming Notebook ရဲ့ဂုဏ်သတင်းက ပိုပြီးပျံ့နှံနိုင်စေတာ ဖြစ်တယ်။

System Product အနေနဲ့ Gaming စီးရီးပင် AIOs ကွန်ပျူတာ အသစ်အများအပြားကိုလည်း ပြသထားတာ တွေ့ကြရတယ်။ သမားရိုးကျ လုပ်ငန်းသုံး AIOs အမျိုးအစားတွေထက် ပါဝါရော အရည်အသွေးပါ မြင့်မားတဲ့အတွက် စွဲမက်စရာ ကောင်းလှတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး မြင်တွေ့ရတဲ့ Anti-Flicker Technology ကို အသုံးထားတဲ့အတွက် သမားရိုးကျ display တွေနဲ့ ကြည့်ရှုကစား ရတာထက် ခံစားမှုရသပိုမို ပီပြင်စေတယ်။ သမားရိုးကျ display တို့ မော်နီတာတို့မှာ 200 times/sec  flickering rate  ရှိပေမယ့် msi ရဲ့ AIO အသစ်တွေမှာတော့ ပိုပြီး  flickering rate ကောင်းသလို မျက်စိ ညောင်းညာမှု ကင်းမဲ့စေတယ်။ စွမ်းဆောင်ရည် အမြင့်ဆုံးနဲ့ ကစား နိုင်စေမယ့် Nightblade စီးရီးက မျက်စိကျစရာ ဖြစ်ခဲ့ တယ်။  အကောင်းဆုံး Audio Solution နဲ့ မိန်းမောကျေနပ်စရာ Graphic တွေနဲ့ ပြည့်ပြည့်စုံစုံ ရှိတယ်။

နောက်ဆုံးထုတ် Motherboard ထဲမှာ စွမ်းအားအမြင့်ဆုံး ဂိမ်းစက်အဖြစ် အသုံးချနိုင်စေမယ့် X99A Gaming 9 ACK က computer 2015 ရဲ့ Best Choice Golden Awards ရရှိသွားတယ်။ Overclocking Champion လို့လည်း အသိအမှတ်ပြုခြင်း ခံရတယ်။ Microsoft Windows 10 Official certification ပထမဆုံး ထုတ်ပေးခံရတဲ့ Motherboard လည်း ဖြစ်ပါတယ်။ USB 3.1 ခွင့် ပြုထားတဲ့ msi Z97A SLI Krait နဲ့ Z97A PC Mate တွေကိုလည်း လူကြိုက်များကြတယ်။

တစ်ချိန်က msi Wind Top  နဲ့ နာမည်ကြီးခဲ့တဲ့ ဂုဏ်ပုဒ်ကိုထိန်းသိမ်းပြီး Cubi System PC တို့ DC III System PC တို့ Hetis H21 PC တို့အပြင် Probox 23 Barebone တို့၊ Probox 130 Barebone PC တို့ကိုလည်း ပြခန်းမှာ ပြသပေးခဲ့တယ်။ Carve meal & practical business pc တွေလို့ ဆိုညွှန်းထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂိမ်းရနံ့တွေ သင်းပျံ့လှတာကြောင့် msi booth မှာ လူစည်းကား ခဲ့ရပါကြောင်း တင်ပြပေးလိုက် ရပါတယ်။