LINN IT & Mobile Shop ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် ကံစမ်းမဲဖွင့်ပွဲကျင်းပ

LINN-IT-Luckdraw00001-Kyawzeya-LinnITLuckyDraw-Promotionnews-2015june30.jpg

LINN IT & Mobile Shop ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် အထူးဈေးရောင်းပွဲတော်တွင် ဝယ်ယူအားပေးသော Customer များ ထဲမှ HONDA Insight 2009 ကံထူးရှင်ရွေးချယ်ပွဲနှင့် အခြားတန်ဖိုး ကြီးဆုလက်ဆောင်များအတွက် ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနားကို ဇွန်လ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုံ (၁) သင်္ဂဟဟိုတယ် Grand Ballroom တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကံထူးရှင်ရွေးချယ်ပွဲတွင် HONDA INSIGHT 2009 (လိုင်စင်ပါ) ကားတစ်စီး၊ ထိုင်းနိုင်ငံလုပ် ဟွန်ဒါ 110CC ဆိုင်ကယ်သုံးစီး၊ iPhone 6 ဟန်းဆက် ၅ လုံး၊ Samsung Note 4 ၃ လုံး၊ Samsung S6 Edge ၂ လုံး၊ All In 1 PC ၅ လုံး၊ Be Windows Tablet ၅ လုံး၊ Laptop ၅ လုံး၊ Photo Printer ၅ လုံး၊ ဒီဂျစ်တယ် ကင်မရာ ၅ လုံး၊ 5.1 Channel Speaker ၅ လုံးတို့အား ဝယ်ယူအားပေးကြ သော Customer များကို စာနယ်ဇင်းဆရာများ၊ ပွဲသို့ ကြွရောက်လာကြသော ပရိသတ်များနှင့် Customer များ ရှေ့မှောက်တွင် ကံစမ်းမဲ ဖွင့်လှစ်ပေးခဲ့သည်။

ကံစမ်းမဲ ဖွင့်လှစ်ပေးပြီး ဆုမဲပေါက်သူများအား ချက်ချင်း ဆုချီးမြှင့်ခဲ့သလို အကြောင်းအမျိုးမျိုးကြောင့် အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိသော ကံစမ်းမဲပေါက်သည့် Customer များကိုလည်း ဆက်သွယ်အကြောင်းကြားကာ ကံစမ်းမဲဆုထုတ်ပေးခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများကို သီးသန့်ကံစမ်းမဲ ဖွင့်ဖောက်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။ အဆိုပါပွဲ၌ ဖျော်ဖြေရေးအစီအစဉ်ပါ ထည့်သွင်း ကျင်းပခဲ့သည်။

LiNN IT & Mobile Shop (ပေါင်းလောင်း) ဆိုင်သစ်ကို ဧပြီ လ ၄ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ဆိုင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဧပြီ ၄ ရက် မှ ဇွန်လ ၂၇ ရက်အထိ အထူးဈေးရောင်းပွဲတော်ကို ကျင်းပခဲ့ကာ အဆိုပါကာလအတွင်း ကျပ်တစ်သိန်းဖိုး ဝယ်ယူသူတိုင်းအား ကံစမ်းမဲ ကူပွန်  တစ်စောင်နှုန်းဖြင့် ပြန်လည်မေတ္တာတုံ့ပြန်ပေးခဲ့ပြီး ယခုအခါကံထူးရှင်များကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။