Windows 7 နှင့် 8.1 ဈေးကွက်ဝေစု မြင့်တက်လာ

windows7marketshare-SH-theregister-2015jul2.jpg

Netmarketshare နှင့် StatCounter အမည်ရသည့် ဝက်ဘ်ဆိုက်များသည် Windows 7 အသုံးပြုမှု မြင့်တက်လာကြောင်းကို အသီးသီးဖော်ပြ ခဲ့ကြသည်။

ဈေးကွက်အတွင်း Windows 7 အသုံးပြုမှု ၀.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ဈေးကွက် ဝေစု ၅၃.၇၁ ရာခိုင်နှုန်း ရှိ လာကြောင်း StatCounter ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ Net-marketshare ဝက်ဘ်ဆိုက်ကမူ desktop ကွန်ပျူတာအတွင်း Windows 7 အသုံးပြုမှု ၅၇.၇ ရာခိုင်နှုန်းမှ ၆၀.၉၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ Microsoft အနေဖြင့် Windows 7 အသုံးပြုသူများကို အခြေအနေ တစ်ခုတွင် Windows 10 အခမဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်ခွင့်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသောကြောင့် Windows 7 သုံးစွဲမှု မြင့်တက်လာသည်။ Microsoft ၏ အလားတူ ထုတ်ပြန်ချက်ကြောင့် Windows 8.1 သည်လည်း ဈေးကွက်ဝေစုအတွင်း သုံးစွဲမှုမြင့်တက် လာခြင်းဖြစ်သည်။ Windows XP အသုံးပြုမှုသည် desktop ဈေးကွက်ဝေစုတွင် Apple ၏ OS X နောက်တွင် ရပ်တည်နေသည်။

ယခုအခါ Apple သည် desktop OS ဈေးကွက်၌ ဝေစု ၁၀.၁၇ ရာခိုင်နှုန်း ရယူထားကြောင်း StateCounter ကဖော်ပြခဲ့သော်လည်း Netmarketshare ကမူ Apple OS အမျိုးမျိုးသုံးစွဲမှု ဈေးကွက်တွင် ၆.၇၃ ရာခိုင်နှုန်းသာ ရှိကြောင်း ရေးသားခဲ့သည်။

Ref: TheRegister