Zombie Racing : Top Scary Game

screen520x924.jpeg

Zombie Racing ဆိုသည့် ဂိမ်းသည် iOS အသုံးပြုထားသည့် Device များပေါ်တွင် ဆော့ကစားနိုင်မည့် ဂိမ်းတစ်ခုဖြစ်သည်။ လမ်းပေါ်တွင် သွားလာနေသည့် Zombie များ၏ အန္တရာယ်ကို ရှောင်၍မောင်းနှင်ဆော့ ကစားရမည့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ်သည်။ ရုပ်ထွက်ပိုင်းအတွက် 3D Graphic ကို အသုံးပြုပေးထားပြီး၊ Offline အနေဖြင့် ဆော့ကစားနိုင်မည့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ်သည်။

အဆိုပါဂိမ်းကို ဆော့ကစားခွင့်အတွက် ယခင် က iTunes Store တွင် ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းရမည်ဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်ခွင့်ရရှိမည်ဖြစ်သည်။ iOS Version 4.3 နှင့်အထက် Device များပေါ်တွင် ထည့်သွင်းဆော့ကစားနိုင်မည့် ဂိမ်းလည်းဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။