Lenovo Yoga 3 14

lenovoyoga314-SH-cnet-2015jul1-.jpg

USD  – 799

အားသာချက်

Lenovo Yoga 3 14 သည်ယခင်က ထွက်ရှိခဲ့သော hybrid laptop များကဲ့သို့ tablet အဖြစ် အသုံးပြုနိုင်သော ထုတ်ကုန်တစ်မျိုး ဖြစ်သည်။ Lenovo Yoga 3  14 သည်အခြား Yoga ထုတ်ကုန်ထက် ဘက်ထရီသက်တမ်း ၈ နာရီတာရှည်ခံသလို ယနေ့ခေတ်တွင် ထွက်ရှိနေသော laptop များကဲ့သို့ပင် စွမ်းဆောင်ရည် ကောင်းမွန်သည်။

အားနည်းချက်

Lenovo Yoga 3 14 ၏ display သည် အရောင်တောက်ပခြင်း မရှိသောကြောင့် ပြင်ပပတ်ဝန်းကျင်၌ အသုံးပြုရန် သင့်တော်ခြင်း မရှိပေ။ ထို့အပြင် Lenovo Yoga 3 14 သည် ဘက်ထရီသက်တမ်းနှင့် စွမ်းဆောင်ရည် ကောင်းမွန်သော်လည်း Dell နှင့် HP hybrid ထုတ်ကုန်များထက် တွဲဖက်အသုံးပြုနိုင်သည့် ထုတ်ကုန်ရှားပါးသည်။

အသေးစိတ်ဖော်ပြချက်

Lenovo Yoga 3 14သည် Yoga 3 Pro ထက် ပါးလွှာပေါ့ပါးခြင်း သို့မဟုတ် သပ်ရပ်ခြင်း မရှိသော်လည်း အလွယ်တကူ ယူဆောင်သွားနိုင်သည်။ ၎င်း၏ မျက်နှာပြင် အရွယ်အစားမှာ ၁၄ လက်မခန့်ရှိပြီး ရုပ်ထွက်အရည်အသွေးမှာ 1920 x 1080 pixel resolution ရှိပြီး စာဖတ်ခြင်းနှင့် ပုံထွက်များမှာလည်း တောက်ပမှုရှိသည်။ ၎င်း၏မျက်နှာပြင် IPS panel ဖြစ်သောကြောင့် မျက်နှာပြင် ကြည့်ရှုရာတွင် အထူးကောင်းမွန်သည်။

Lenovo Yoga 3 14တွင် 2.2 GHz Intel Core i7-5500U, memory 8GB, SSD 256GB နှင့် Intel graphics card တို့ပါဝင်သည်။ Lenovo Yoga 3 14 ကို ပဉ္စမမြောက် မျိုးဆက် Core i5 နှင့် i7 ပရိုဆက်ဆာဟူ၍ နှစ်မျိုးထုတ်လုပ်ပေးထားသည်။ Lenovo တွင် Micro HDMI video output ပါဝင်သောကြောင့် HDMI အဖြစ်ပြောင်းလဲနိုင်ရန် male Micro ကြိုး သို့မဟုတ် male Micro-HDMI နှင့် female full-size HDMI တို့ဖြင့် ချိတ်ဆက်မည့် ကြိုးလိုအပ်မည် ဖြစ်သည်။

ထို့အပြင် ၎င်းတွင် USB 2.0 port ပါဝင်လာသောကြောင့် အားသွင်းရာတွင် မြန်ဆန်မှုရှိပြီး ပါဝင်သော adapter ဖြင့်အခြား USB ထုတ်ကုန်များကိုလည်း အားသွင်းနိုင်မည် ဖြစ်သည်။

ဘက်ထရီ

Lenovo Yoga 3 14 ဖြင့် ဗွီဒီယိုများကို ၈ နာရီနှင့် ၅ မိနစ်အထိ ကြည့်ရှုနိုင်ပြီး လုပ်ငန်းဆောင်တာများ ဆောင်ရွက်ပါက အားတစ်ခါသွင်းရုံဖြင့် တစ်ရက်လုံး အသုံးပြုနိုင်မည် ဖြစ်သည်။