2015 NIYE Junior Program အတွက် လျှောက်လွှာခေါ်ယူ

560828_117987711688314_904270889_n(1).jpg

2015 NIYE Junior Program ဖြင့် NIYE (National Institution for Youth Education) မှ အကုန်အကျခံကာ ဂျပန်နိုင်ငံသို့ ၁၁ ရက်ကြာ ခရီးစဉ် အတွက် လျှောက်လွှာများခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်မှာ  အောက်တိုဘာလ ၂၀ ရက်မှ ၃၀ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်မှုများမှတစ်ဆင့် လူငယ်များ၏ အတွေးအခေါ်များ တိုးတက်စေရန်နှင့်   အာဆီယံနိုင်ငံများမှ လူငယ်များဂျပန်နိုင်ငံ အကြောင်းကို ပိုမိုသိရှိ စိတ်ဝင်စားလာစေရန်ရည်ရွယ်ကာ ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။

ခရီးစဉ်တွင် Junior High School များသို့ သွားရောက် လည်ပတ်ခြင်း၊ ဂျပန်ကျောင်းသားများနှင့် အတွေ့အကြုံများဖလှယ်ခြင်း၊ နေအိမ်များသို့သွားရောက်ကာ ဂျပန်နိုင်ငံယဉ်ကျေးမှုများကို လေ့လာခြင်း၊ Presentation day in Tokyo များကို ပြုလုပ်ရမည်ဖြစ်သည်။

လျှောက်ထားလိုသူများသည် ၁၉၉၉ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၀၂ ခုနှစ် ဧပြီ ၁ ရက်အတွင်း မွေးဖွားသူများ၊ အင်္ဂလိပ်လိုပြောဆို ဆက်ဆံနိုင်သူ၊   စာစီစာကုံးနှင့် စစ်တမ်းမေးခွန်းများကိုရေးသားတင်ပြရန် လိုအပ်သောကြောင့်  အင်္ဂလိပ်ဘာသာဖြင့်ရေးသားနိုင်သူ၊ ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုများကို စိတ်ပါဝင်စားစွာလေ့လာလို စိတ်ရှိသူ၊ ဂျပန်နိုင်ငံမှ အသစ်အသစ်သော အရာ၊ အစားအစာ စသည်များကို သိရှိလိုသူဖြစ်ရမည်ဖြစ်ပြီး  မိမိနိုင်ငံ၏ယဉ်ကျေးမှုများကိုလည်း တခြားနိုင်ငံ မှ ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ဝေမျှ ပေးနိုင်ရမည်ဖြစ်သည်။

ထို့ပြင် အုပ်စုလိုက်လှုပ်ရှား လုပ်ကိုင်တတ်သူ၊  ကျန်းမာရေး ကောင်းမွန်သူ၊  Myanmar Association  of  Japan  Alumni  (MAJA) နှင့် Youth Outdoor Learning Center or Youth Friendship Center တို့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသူ၊ ခရီးစဉ်အစအဆုံး လိုက်ပါနိုင်သူ (ပြည်ပထွက်ခွာမှ ပြည်တွင်းပြန်လည်ဆိုက်ရောက်သည်အထိ) ဖြစ်ရမည်ဖြစ်ပြီး  မြန်မာနိုင်ငံကူးလက်မှတ် လက်ဝယ်ရှိသူဖြစ်ရမည်ဖြစ်သည်။

ဇူလိုင်လ ၁၇ ရက် နောက် ဆုံးထားကာ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း MAJA Office ဖုန်း – ၀၉၈၆၁၂၁၅၁ သို့ဆက်သွယ် မေးမြန်း စုံစမ်းနိုင်မည်ဖြစ် သည်။