Web Explorer

screen568x568.jpeg

iPhone, iPad ပေါ်တွင် အသုံးပြုနိုင်မည့် Web Browser App တစ်ခုဖြစ်သည်။ အင်တာနက် အသုံးပြု ရာတွင် မြန်ဆန်ပြီး၊ Translation Web Page များနှင့် ချိတ်ဆက်ထားသလို၊ အင်တာနက်ပေါ်မှ ရုပ်သံဖိုင်များကို ကြည့်ရှုသည့်အခါတွင်လည်း အဆင်ပြေနိုင်မည်ဖြစ်သလို၊ iTunes မှ သီချင်း၊ ဗီဒီယိုဖိုင်များကိုလည်း ချိတ်ဆက်ကာ အသုံးပြုနိုင်စေရန်အတွက် စီစဉ်ဖန်တီးပေးထားသည်။

အဆိုပါ App ကို ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ ရယူသုံးစွဲခွင့်ပြုထားသည်။ iOS Version 7.0 နှင့်အထက် Device များတွင် သုံးစွဲနိုင်မည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။