Windows Key ကို Disable ပြုလုပ်ခြင်း

1.jpg

Windows Key နှင့် တွဲဖက်နှိပ်ရတဲ့ shortcut လုပ်ငန်းစဉ်များကို အလုပ်မလုပ်ဆောင်နိုင်စေရန် အတွက် Windows Key ကို Disable ပြုလုပ်ထားနိုင်ပါတယ်။ Windows Key နဲ့ တွဲဖက်လုပ်ကိုင်နိုင်တဲ့ Shortcut များဖြစ်တဲ့ Win + L, Win + R, Win + E စတာတွေနဲ့ အခြားသော Shortcut များ အလုပ်မလုပ်ဆောင်နိုင်စေရန်အတွက် Disable လုပ်ထားနိုင်ပါတယ်။

အထက်ပါ Windows Key ကို Disable မပြုလုပ်ခင်မှာ Windows ရဲ့ Registry ဖိုင်ကို Backup ပြုလုပ်ထားပြီး အလွယ်တကူ ရှာဖွေလို့ရနိုင်တဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။ အကယ်၍ Registry ဖိုင်ရှိတဲ့ လမ်းကြောင်းကို မသိဘူးဆိုရင် C:\Windows\System 32\regedt32 ဆိုတဲ့ဖိုင်ဟာ Windows 8.1 သုံးစွဲတဲ့ Registry Editor ဖြစ်ပါတယ်။

Win + L ကို Disable စတင်ပြုလုပ်ဖို့အတွက် Run Box မှာ regedit ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ပါ။ Registry Editor ကို ရောက်သွားပြီဆိုရင် HKEY_CURRENT_USER ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ပြီးသွားရင်တော့ HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားပေးရပါမယ်။

အဆိုပါ Policies အောက်ကို ရောက်ပြီဆိုရင် Key အသစ်တစ်ခု တည်ဆောက်ပေးရပါမယ်။ Key ကို System လို့ အမည်ပေးရမှာ ဖြစ်ပါတယ်။ Key တည်ဆောက်ပြီးသွားရင် System အတွင်းကို သွားပြီး DWORD အသစ်တစ်ခု ထပ်မံ တည်ဆောက်ပေးရပါမယ်။ DWORD နာမည်ကို DisableLockWorkstation ဟု အမည်ပေးရမှာ ဖြစ်ပါတယ်။

ဒီအဆင့်တွေ အားလုံးပြီးသွားပြီဆိုရင် အဆိုပါ DWORD ကို တန်ဖိုးသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ Double-click ပြုလုပ်လိုက်ပါ။ ပြီးရင် တန်ဖိုးနေရာမှာ 1 ကိုထည့်သွင်းပြီး Ok ကို နှိပ်လိုက်ရင် တန်ဖိုး ထည့်သွင်းပြီးဖြစ်ပါတယ်။ ဒါကတော့ Win + L ကို Disable ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

Win Key ကို Disable ပြုလုပ်မယ်ဆိုရင် Policies အောက်မှာ Key တစ်ခုတည်ဆောက်ပြီး နာမည်ကို Explorer ဆိုပြီးပေးရပါမယ်။ Explorer အောက်မှာမှ DWORD တစ်ခု တည်ဆောက်ရမှာဖြစ်ပြီး၊ နာမည်ကိုတော့ NoWinKeys ဆိုပြီး ပေးရမှာဖြစ်ပါတယ်။ တန်ဖိုးကိုလည်း အထက်မှာကဲ့သို့ 1 ကို သတ်မှတ်ပေး လိုက်ရင် Windows Key ကို Disable ပြုလုပ်နိုင်ပါပြီ။

Ref: maketecheasier