
ကွန်ပျူ တာမျက်နှာပြင်တွင် ပြုလုပ်သည့်အရာများကို Record ပြုလုပ်ထားနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲသည် ရုပ်ပုံများကိုသာမက အသံပိုင်းကိုလည်း Record ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။ ထို့ပြင် Record ပြုလုပ်ထားသည့် ဖိုင်များကိုလည်း Effect များ အသုံးပြုနိုင်ရန်အတွက် စီစဉ်ပေးထားသလို၊ SWF နှင့် AVI Format များဖြင့်လည်း ပြန်လည် ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။
အဆိုပါဆော့ဖ်ဝဲကို အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာ 633.69KB ခန့်သာရှိမည် ဖြစ်သည်။ Windows 95 မှ 7 အထိ ထည့်သွင်း အသုံးပြုနိုင်မည့်ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။