Line ၌ သရုပ်ဆောင် အောင်ရဲလင်းနှင့် ခင်ဝင့်ဝါတို့၏ အမူအရာ စတစ်ကာများ စတင်အသုံးပြုနိုင်

Line.jpg

Line ၌ သရုပ်ဆောင် အောင်ရဲလင်းနှင့် ခင်ဝင့်ဝါတို့၏ အမူအရာ စတစ်ကာများ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Line Myanmar မှသိရသည်။

မြန်မာနိုင်ငံတွင် Line အသုံးပြုမှု တိုးတက်လာပြီး မြန်မာ သရုပ်ဖော် စတစ်ကာများကို နှစ်ကြိမ် ထုတ်ဝေပြီးဖြစ်ကြောင်း Line မှ Business Development Manager ကိုစောဇော်မျိုးထူးက ပြောသည်။ “ဒီစတစ်ကာလေးတွေက တခြား Application မှာ မရှိတဲ့ အတွက်ကြောင့် သုံးစွဲသူတွေအတွက် အားလုံး စိတ်ကို အပြောင်းအလဲဖြစ်စေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ပြီးတော့ ပိုပြီးတော့ကြိုက်ကြလိမ့်မယ် လို့မျှော်လင့်ပါတယ်” ဟု သရုပ်ဆောင်အောင်ရဲလင်း က ပြောသည်။ Line မှာ မက်ဆေ့ခ်ျများ ပေးပို့ခြင်း၊ Voice call, video call ခေါ်ဆိုခြင်းနှင့် အုပ်စုလိုက် စကားဝိုင်းများ ဝိုင်းဖွဲ့ပြောခြင်းကို ပြည်တွင်း၊ ပြည်ပ အခမဲ့ ချိတ်ဆက်ဆောင် ရွက်နိုင်သည့် စမတ်ဖုန်း Live Platform တစ်ခု ဖြစ်သည်။

“ညီမတို့ ရိုက်ထားတဲ့ စတစ်ကာလေးတွေ ရှိပါတယ်၊ အဲဒါကို ပရိသတ်တွေ ဒေါင်းလုပ် လုပ်ယူချင်တယ်ဆိုရင် ညီမတို့နှစ်ယောက်ရဲ့ Official အကောင့်လည်း ရှိပါတယ်၊ Update တွေလည်း သိလို့ရပါတယ်။ ညီမ တို့ရဲ့ Timeline မှာ ပရိသတ်တွေကို ညီမတို့ရဲ့ Activities တိုင်းကို Post လုပ်ပေးမှာမို့ ညီမတို့ရဲ့ Official အကောင့်ကို အပ်ပြီးတော့ စတစ်ကာလေးတွေ ရယူနိုင်မှာပါ” ဟု သရုပ်ဆောင် ခင်ဝင့်ဝါက ပြောသည်။ Line တွင် Home&Timeline နှင့် Line ဂိမ်း၊ Line ကင်မရာ အစရှိသည့် အစိတ်အပိုင်းများ ပါဝင်ကြောင်း တွေ့ရသည်။