Ubuntu 14.04 64 bit တွင် Chrome Browser ထည့်သွင်းခြင်း

03_command_to_install_chrome.jpg

Ubuntu Software Center မှာ Google Chrome Browser ပါဝင်ခြင်း မရှိတဲ့အတွက် Google Chrome Browser ကို ထည့်သွင်း အသုံးပြုချင်သူတွေ အနေနဲ့ Chrome Browser နဲ့ပတ်သက်တဲ့ Package တွေကို Download လုပ်ပြီး ထည့်သွင်းနိုင်ပါတယ်။

Ubuntu 14.04 64 bit သုံးစွဲသူများ အနေနဲ့ Chrome Browser ကို Terminal ကနေ ထည့်သွင်းမယ်ဆိုရင် Terminal မှာ wget https://dl.google.com/…/google-chrome-stable_current_amd64.… ဆိုတဲ့ Command ကို ရိုက်ထည့်ပြီး ပထမဆုံး Chrome Browser ရဲ့ deb ဖိုင်ကို Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ wget ဆိုတာကတော့ Download ပြုလုပ်တဲ့ Command ဖြစ်ပြီး အနောက်က Link ကတော့ Chrome Browser deb ဖိုင်ရှိတဲ့ လမ်းကြောင်းပါ။

Download လုပ်ပြီးသွားပြီဆိုရင် အဆိုပါ deb ဖိုင်ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ sudo dpkg –I google-chrome-stable_current_amd64.deb ဆိုတဲ့ Command ကို ရိုက်ထည့်ရပါမယ်။ အကယ်၍ ရိုက်မထည့်ချင်သူများ အနေနဲ့ အဆိုပါ command များကို copy ပြုလုပ်ပြီး Terminal မှာ paste လုပ်နိုင်ပါတယ်။ Command ကို Teminal မှာ ထည့်သွင်းပြီးပြီဆိုရင် Ubuntu OS မှာ မိမိသုံးနေတဲ့ password ကို ထည့်သွင်းပေးလိုက်ပါ။ deb ဖိုင်ကို Install ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Install ပြုလုပ်တဲ့ လုပ်ငန်းစဉ်ပြီးဆုံးသွားတဲ့အခါမှာ Terminal ကနေ exit ဆိုတဲ့ command နဲ့ Terminal က ထွက်လိုက်ပါ။

Chrome Browser ကို ဖွင့်ဖို့အတွက် Unity Launcher ရဲ့ ထိပ်ဆုံးမှာ Dash Button ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ Button ကိုနှိပ်ပြီး google chrome ဆိုတဲ့ Keyword ကို Search box မှာ ရိုက်ထည့်လိုက်ရင် Google Chrome Browser ကို တွေ့ရပါလိမ့်မယ်။ အဆိုပါ Browser ကို စတင် ဖွင့်လိုက်တဲ့အခါမှာ Default Browser အဖြစ် သတ်မှတ်မလားဆိုတဲ့ dialog box တက်လာမှာဖြစ်ပါတယ်။ Default အဖြစ် ထားမယ်ဆိုရင်တော့ Make Google Chrome the default browser နေရာမှာ အမှန်ခြစ်ထည့်ပေးထားပြီး OK ခလုတ်ကို နှိပ်လိုက်ပါ။

Ref: howtogeek