Cherry Mobile ၏ ပထမဆုံး Tablet PC ဈေးကွက်ဝင်

SUPERION_MEMO_b.jpg

Cherry Mobile ၏ ပထမဆုံး Tablet အမျိုးအစားဖြစ်သည့် Superion Memo မော်ဒယ်သစ် Tablet PC ကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း၊ အဆိုပါ Tablet PC သည် 2G နှင့် 3G ကွန်ရက်များကို ထောက်ပံ့နိုင်သော Dual SIM အမျိုးအစား Tablet ဖြစ်ကြောင်းသိရသည်။

Superion Memo Tablet သည် မြင်ကွင်းအကျယ် ၇ လက်မရှိပြီး Screen Resolution 1024×600 megapixel ထိထောက်ပံ့ပေးနိုင်သော TFT LCD Display ကို အသုံးပြုထားသည်။ GSM/900/1800/1900 နှင့် WCDMA 2100 UMTS 900 ထိထောက်ပံ့နိုင်သော GSM SIM ပေါက်နှစ်ခုပါဝင်ပြီး အမြန်နှုန်း 1.2GHz ရှိသော Quad-core CPU ကို ထည့်သွင်းထားသည်။ ဂရပ်ဖစ်အတွက် Mali 400 GPU စနစ် ထောက်ပံ့ပါဝင်ပြီး မှတ်ဥာဏ်ပမာဏ 1GB RAM နှင့် အချက်အလက် သိုလှောင်မှုအတွက် 4 GB ပါဝင်သည့်အပြင် 32 GB ထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်မည် ဖြစ်သည်။ 5MP နောက် ကင်မရာနှင့် 2MP ရှေ့ကင်မရာများ တပ်ဆင်ထားပြီး  Android OS Version 4.4 (KitKat) ကို အသုံးပြုထားကြောင်း သိရ သည်။ 2800 mAh ပမာဏရှိသော ဘက်ထရီကို ထည့်သွင်းထားပြီး WiFi 802.11 b/g/n ၊ Bluetooth 4.0 စနစ်များ ထောက်ပံ့ပါမည် ဖြစ်သည်။ အဆိုပါ Superion Memo Tablet PC ၏ တန်ဖိုးမှာ ၁၀၉,၀၀၀ ကျပ် ဝန်းကျင်ဖြစ်ပြီး Cherry Mobile Showroom တွင် ၀ယ်ယူနိုင်မည် ဖြစ်သည်။

-ရဲထွဋ်ဝင်း