ဒုတိယအကြိမ်မြောက် Samsung Galaxy Lucky Draw 2015 ကျင်းပမည်

11249098_10205060585934170_9039791445869128184_n.jpg

Samsung Myanmar မှ စီစဉ်သည့် ဒုတိယအကြိမ်မြောက် Samsung Galaxy Lucky Draw 2015 ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

“Samsung Myanmar အနေနဲ့ Samsung Galaxy Lucky Draw အစီအစဉ်ကို ၂၀၁၃ ခုနှစ်က တစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ယခင်နှစ်တုန်းကနဲ့ ကွဲပြားမှု အနည်းငယ် ရှိခဲ့ပေမယ့် အခု Samsung Galaxy Lucky Draw 2015 အစီအစဉ်မှာတော့ ဆုအရေအတွက်နဲ့ အမျိုးအစားကို ပိုမိုမြှင့်တင် ပေးထားပါတယ်။ Samsung ရဲ့ Galaxy Lucky Draw 2015 အစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်တဲ့ Samsung Galaxy Grand Prime, Galaxy Grand Neo Plus, Galaxy Core Prime, Galaxy J1 နဲ့ Galax V ဖုန်းတွေထဲက နှစ်သက်ရာကိုဝယ်ယူပြီး ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ကံစမ်းမဲ ကာလကတော့ဇွန်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၂၀ ရက်နေ့အထိဖြစ်လို့ ဆုကြီးတွေကို နှစ်လတာအတွင်း ပိုင်ဆိုင်နိုင်မှာပါ” Samsung Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

Samsung Galaxy Lucky Draw အစီအစဉ်တွင် အထူးဆုကြီးအနေဖြင့် နှစ်သက်မက်မောစရာ KIA Optima ကားသစ်ကြီး တစ်စီးကို ပိုင်ဆိုင်ရရှိနိုင်မည်ဖြစ်ပြီး အခြားဆုမဲများအဖြစ် လူတိုင်းသဘောကျစရာ နည်းပညာမြင့် Samsung ထုတ်ကုန်များကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် Samsung Galaxy Lucky Draw အစီအစဉ်ကို ၂၀၁၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်မြောက် Samsung Galaxy Lucky Draw 2015 အစီအစဉ်ကို သြဂုတ်လကုန်ပိုင်းတွင် ကျင်းပဖွယ်ရှိကြောင်း သိရသည်။