Android အတွက် သီးသန့် Messenger App ကို Google ဖြန့်ချိ

material-Messenger.jpg

Google သည် ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Material Design language ဖြင့် ဖန်တီးထားသော Messenger app ကို Play Store တွင် ဖြန့်ချိခဲ့သည်။

Android OS တွင် ပါဝင်သော app ဟောင်းသည် feature များစုံလင်စွာ မပါဝင်သောကြောင့် Google သည် ၎င်း app ကိုလှပသော ဒီဇိုင်းဖြင့် ဖန်တီးကာ feature များစွာထည့်သွင်းခဲ့သည်။ ယခုဖြန့်ချိလိုက်သော Messenger app တွင်လူများ ပိတ်ပင်ခြင်း၊ ဓာတ်ပုံများကို ထပ်ကာတလဲလဲ ဝေမျှနိုင်ခြင်း၊ emoji ထောက်ပံ့မှုများစွာ ပါဝင်လာသည်။

၎င်း Messenger app ကို Android 4.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပြီ ဖြစ်သည်။ ထို app တွင် Metarial Design အသုံးပြု ထားသော်လည်း ဖုန်းမော်ဒယ် ဟောင်းများတွင်လည်း အသုံးပြုနိုင်သည်။

-စိုးထက်
Ref: TheNextWeb