မောင်ဇွဲဘုန်းမြတ်အောင်၏ Student Life

11291226_398666960335889_87420914_n.jpg

ဒီအပတ်မှာတော့ ယူကေနိုင်ငံ Anglia Ruskin University မှာ Business Management ဘာသာရပ်ကို တက်ရောက်နေတဲ့ မောင်ဇွဲဘုန်းမြတ်အောင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အခု ဘယ်ဘာသာရပ်နဲ့ ဘယ်ကျောင်းမှာတက်နေတာပါလဲ။

ကျွန်တော် အခု ယူကေနိုင်ငံ Cambridge မြို့မှာရှိတဲ့ Anglia Ruskin University မှာ Business Management တက်ရောက်နေပါတယ်။

ဘာကြောင့် ယူကေပညာရေးကို ရွေးချယ်ဖြစ်ခဲ့တာလဲ။

ယူကေကို အဓိက ရွေးချယ်ရခြင်း အကြောင်းကတော့ ယူကေက Education system ကို ကြိုက်လို့ပါ။ ပြီးတော့ ယူကေမှာ အဆင့်တန်းမြင့် တက္ကသိုလ်ကောင်းတွေ အများကြီးရှိတယ်လေ။

Agent က နေသွားခဲ့တာလား၊ ကိုယ်တိုင်ကျောင်းလျှောက်ခဲ့တာလား။

ကျွန်တော် YIUS မှာ University Foundation Program တက်ပြီးတာနဲ့ YIUS ကလည်း ကျောင်းလျှောက်ပေးတော့ အဲ့ကနေပဲ တစ်ဆင့်သွားခဲ့တာပါ။ ကိုယ် တိုင်လည်း ကျောင်းလျှောက်ရင် အဆောင်ရှာရတာတွေ၊ လာကြိုဖို့တွေ၊ Visa ကိစ္စတွေပါ အခက်အခဲ ရှိလာနိုင်မှာစိုးလို့လေ။ YIUS က Counselors တွေနဲ့တိုင်ပင်ပြီး ကျောင်း ရွေးတာတွေကော၊ ကျောင်းလျှောက်တာတွေကော လုပ်ခဲ့တာပါ။

YIUS မှာ တက်ခဲ့တော့ YIUSမှာသင်တာတွေက အခုတက်နေတဲ့ကျောင်းမှာ အထောက်အကူ ဖြစ်ပါသလား။

ဟုတ်ကဲ့။ အများကြီး အထောက်အကူဖြစ်ပါတယ်။ YIUS မှာ assignment နှင့် Reports တွေရေးတာရော၊ Presentation လုပ်တာရော အကုန်အကျင့်ရခဲ့တော့ ဒီမှာအများကြီး အထောက်အကူပြုတယ်လို့ ကျွန်တော်ထင်ပါတယ်။

Visa အတွက်ကော အခက် အခဲရှိခဲ့လား။

မရှိပါဘူး။ လိုအပ်တဲ့ Documents နဲ့အချက်အလက်များကို YIUS Agent က အကုန်ပြောပြပေးတယ်။ ကြိုတင်ပြင်ဆင်ခိုင်းတယ်။ လိုအပ်တာတွေ အကုန်ပြင်နိုင်ရင် အခက်အခဲမရှိပါဘူး။

International Students တွေနဲ့ ကျောင်းတက်ရတာကော အဆင်ပြေရဲ့လား။

International Students တွေက ကျွန်တော်တို့လိုပဲ နိုင်ငံအသီးသီးကနေ ယူကေမှာ ကျောင်းလာတက် တာဆိုတော့ အချင်းအချင်း နားလည်ကြပြီး တစ်ယောက် ကို တစ်ယောက် ကူညီကြပါတယ်။ အခြားလူများ သူငယ်ချင်းတွေရတဲ့အတွက် ကျောင်းတက်ရတာ ပိုပျော်ဖို့ကောင်းပါတယ်။

 စာသင်ကြားပုံအတွေ့အကြုံ လေး သိချင်ပါတယ်။

ဘာသာရပ်တစ်ခုကို အောင်ဖို့အတွက် ၅၀ ရာခိုင်နှုန်းရမှ အောင်မှာဖြစ်ပါတယ်။ ကိုယ့်ဘက် assignments တွေ Due Date မတိုင်မီ ထပ်နိုင်ရင်ရယ်၊ စာမှန်မှန် လုပ်ရင်တော့ အောင်မှာပါ။

ကျောင်းတက်တော့ နေတော့ကော အဆောင်မှာနေတာလား။ အိမ်ငှားနေတာလား။

ကျွန်တော် ဆယ့်ရှစ်နှစ်ပြည့်ပြီ ဆိုတော့ အဆောင်မှာ အရင်ဦးဆုံးနေပါတယ်။ အဆောင်မှာနေတာလည်း အဆင်ပြေပါတယ်။ အခုသူငယ်ချင်းတွေရတော့ စုပြီး အပြင်မှာ အိမ်စုငှားနေဖြစ်ပါတယ်။

အဆောင်အတွက်ကကော ဘယ်ကနေတစ်ဆင့်ရှာတာလဲ။ အဆင်ပြေလား။

YIUS ကပဲ ရှာပေးတာပါ။ အိမ်ရှာရတာက ပြောရမယ်ဆို နည်းနည်းခက်တော့ အချိန်ပေးနိုင်မှ ကိုယ်လိုချင်တဲ့ အိမ်ရမှာ။

ယူကေကို ကျောင်းလာတက် ချင်တဲ့သူတွေအတွက် ဘာများ ပြောချင်ပါသလဲ။

ယူကေမှာက ရွေးချယ်စရာ ကျောင်းတွေ များပါတယ်။ သေချာရွေးချယ်ပါ။ ကျောင်း  ဝက်ဘ်ဆိုက်တွေ လေ့လာပါ။ ကိုယ်တက်ရမယ့် ဘာသာရပ် ကိုလည်း သေချာရွေးချယ်ပါ။ Counselor တွေနဲ့ သေချာတိုင်ပင် ရွေးချယ်ပါလို့ ပြောချင်ပါတယ်။