Sony Xperia C4 ကို လျှော့ဈေးဖြင့် ရောင်းချမည်

Sony-Xperia-C4.jpg

Sony Xperia C4 ကို အထူးလျှော့ဈေးဖြင့် ရောင်းချမည် ဖြစ်ပြီး အဆိုပါ Sony Xperia C4 မှာ GSM နှစ်ကဒ်သုံး Dual Sim အမျိုးအစားဖြစ်ပြီး တန်ဖိုး ၃၆၉,၀၀၀ ကျပ် ဝန်းကျင်ဖြင့် စတင် ရောင်းချမည် ဖြစ်သည်။

“ကျွန်တော်တို့ အခုထွက်ရှိလာတဲ့ Sony အမှတ်တံဆိပ် Xperia C4 ကို ဇွန် ၂၆ ရက်မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူက Dual Sim အမျိုးအစား ပါ။ ဈေးနှုန်းကိုတော့ ၃၆၉,၀၀၀ ကျပ် အဖြစ် ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ လောလောဆယ်မှာတော့ စတင်ပြီး ရောင်းချတဲ့ အထိမ်းအမှတ် အနေနဲ့ promotion ပုံစံလေး ပြုလုပ် ရောင်းချပေးသွားမှာပါ။ ကျွန်တော်တို့ ဒီပစ္စည်းကို စတင် ဝယ်ယူတဲ့ customer ဆယ်ယောက်ကို ကျပ် ၄,၀၀၀ လျှော့ပြီး ကျွန်တော်တို့ ၃၆၅,၀၀၀ ကျပ်နဲ့ရောင်းချပေးမှာဖြစ်ပြီး ၂၂,၀၀၀ ကျပ်တန်ဖိုးရှိတဲ့ ကာဗာတစ်ခုကိုပါ လက်ဆောင်အဖြစ်ပေးမှာဖြစ်ပါတယ်” ဟု Marketing Event ကို တာဝန် ယူထားသည့် ကိုအောင်ပြည့်စုံ မှပြောပြခဲ့သည်။ အဆိုပါ Sony Xperia C4 ကို ဇွန်လ ၂၆ ရက်နေ့မှစတင်၍ Sony Showroom များဖြစ်သည့် Showroom (1) မြေနီကုန်း၊ ဖုန်း-၀၉ ၂၅၄၃ ၁၆၅၀၄၊ Showroon (2) လှည်းတန်း၊ ဖုန်း-၀၉၂၅၃၀-၄၅၅၅၃၊ Showroom (3) လသာ၊ ဖုန်း-၀၉ ၂၅၃၂ ၃၀၂၁၂ တို့တွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး Alpha Technology & Communication မှတရားဝင် ဖြန့်ချိမည် ဖြစ်ကြောင်းသိရသည်။