Nintendo 2DS ဂိမ်းစက်များကို ဒေါ်လာ ၁၀၀ ဖြင့် ရောင်းချသွားမည်

2727946-new2ds.jpg

ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က Nintendo သည် တန်ဖိုးနည်း 2DS ဂိမ်းစက်သစ် နှစ်ခုကို ယခုလနှောင်းပိုင်းတွင် ရောင်းချသွား မည်ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။

အဆိုပါ Nintendo ဂိမ်းစက်နှစ်ခုကို Crystal ပြုလုပ်ထားပြီး အနီနှင့် အပြာဟူ၍ နှစ်မျိုး ထုတ်လုပ်ထားသည်။ အဆိုပါ ဂိမ်းစက်များကို ပုံမှန်ရောင်းချနေကျ ဒေါ်လာ ၁၃၀ မှ ၃၀ လျှော့ချကာ ဒေါ်လာ ၁၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ Nintendo 2DS ဂိမ်းစက်များကို Pokemon Omega Ruby/Alpha Sapphire ဂိမ်းမိတ်ဆက်မည့်ပွဲအတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအသစ်ထွက်ရှိလာမည့် 2DS ဂိမ်းစက်များသည် 3DS ဂိမ်းစက်မှ ဂိမ်းများအားလုံးကို ကစားနိုင်သော်လည်း 3D effect ထောက်ပံ့မှု မပေးထားကြောင်း သိရသည်။
-စိုးထက်
Ref: GameSpot