Sven The Rogue Knight

sven-dota-2-art-wallpaper-biggreenpepper-hd-1920x1080-.jpg

Dota 1 ကတည်းက လူကြိုက်များခဲ့တဲ့ Melee Strength Hero တစ်ကောင်ဖြစ်တဲ့ Sven The Rogue Knight ဟာ Support ရော Carry ပါကစားလို့ရတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ Disable Stun များ အကြီးအကျယ် ခေတ်စားခဲ့တဲ့ v6.59 အလွန်ခေတ်များတုန်းက Sven + Vengeful + Crystal တွဲလုံးဟာ လူကြိုက်များတဲ့ Stun Combo ဖြစ်ခဲ့သလို အခြားသော Range Support များနဲ့လည်း တွဲဖက်ဆော့
ကစားလို့ အလွန်ကောင်းတဲ့အတွက် Sven ဟာ Professional ကစားပွဲများမှာ အတွေ့ရ အများဆုံး Hero စာရင်းထဲမှာ ပါဝင်နေခဲ့ပါတယ်။ လက်ရှိမှာတော့ ယခင် Core Item ဖြစ်တဲ့ Black King Bar ဟာ Situational Item တစ်ခုဖြစ်လာပြီး နောက်ပိုင်း Sven ကို Professional ကစားပွဲတွေမှာ Hard Carry ဖြစ် ကစားမှု နည်းပါးလာပေမယ့် Publish Matchmaking မှာတော့ Sven ဟာ လူကြိုက်များတဲ့ Hard Carry Style ဖြင့် ရပ်တည်ဆဲပဲ ဖြစ်ပါတယ်။

Background Story

Sven ဟာ Shadeshore Ruins မှာရှိတဲ့ Pallid Meranth မျိုးနွယ်စုမှ Vigil Knight တစ်ဦးရဲ့ တရားမဝင် အပြုအမူကနေ မွေးဖွားလာတဲ့ သားတစ်ယောက် ဖြစ်ပါတယ်။ Sven ရဲ့ဖခင်ဟာ Vigil
Codex စစ်ဆင်ရေးကြောင့် သူ့မိခင်တို့ လူရိုင်းမျိုးနွယ်စုကို ဝင်ရောက်သုတ်သင်ချိန်မှာ သူ့အား ကိုယ်ဝန်ရှိစေခဲ့ခြင်းဖြစ်ပြီး သူ့မိခင်ကလွဲ၍ တစ်မျိုးနွယ်လုံး အမျိုးတုံး သုတ်သင်ခံလိုက်ရပါတော့တယ်။ ဂုဏ်သိက္ခာကြီးမြတ်ခြင်းဆိုသည်မှာ လူသားဆန်မှု ရှိစရာမလိုကြောင်း Sven က အပြည့်အဝ ယုံကြည်လက်ခံထားပါတယ်။ သူ့ရဲ့ မိခင်ကို သေအံ့ဆဲဆဲအချိန်ထိ စောင့်ရှောက်ပေးခဲ့ပြီးနောက် Sven ဟာ သူ့ရဲ့  ဖြစ်တည်မှုကို ဖုံးကွယ်ရင်း Vigil Knight တို့ထံမှာ အလုပ်သင် ကျောင်းသားအသစ်အဖြစ် လျှောက်ထားခဲ့ပါတယ်။ သူ့ဖခင် ဖွင့်လှစ်ထားတဲ့ သူရဲကောင်း မွေးထုတ်ရေးကျောင်းမှာ ၁၃ နှစ်ခန့် ပညာစုံအောင် သင်ကြားပြီးနောက်မှာတော့ Sven ဟာ သူ့ရဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အတိတ်ကို ဖွင့်ချပြီး အားလုံးကို စိန်ခေါ်နိုင်လောက်အောင် ပြီးပြည့်စုံစွာ ကျွမ်းကျင်တတ်မြောက်တဲ့ အခြေအနေ ထိ ရောက်လာခဲ့ပါတယ်။ စောင့်ဆိုင်းခဲ့ရတဲ့ တစ်နေ့ကို အရောက်မှာတော့ Sven ဟာ Vigil တို့ အထွဋ်အမြတ်ထားရာ ဓားကြီးကို ဆွဲယူရင်း၊ ၎င်းတို့ ကိုးကွယ်ရာ အထွဋ်အမြတ် ခေါင်းဆောင်းကို တစ်စဆီ ဖြစ်အောင် ရိုက်ခွဲပြီး Vigil ကျောင်းတစ်ခုလုံးကို မီးလောင် တိုက်သွင်းခဲ့ပါတော့တယ်။ Vigil တို့ နယ်မြေကနေ အောင်နိုင်သူခြေလှမ်းတို့ဖြင့် တစ်ကိုယ်တည်း ထွက်ခွာလာခဲ့ပြီးနောက် Sven ဟာ သူ့ကိုယ်သူ သူရဲကောင်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ သူရဲကောင်းတော့ သူရဲကောင်းပါပဲ။ ဒါပေမဲ့ သင်းကွဲသူရဲကောင်းအဖြစ် သူ့ကိုယ့်သူ သမုတ်လိုက်ပါတယ်။

Frozen Throne Dota တုန်းက လျှပ်စစ်တူပျံ ပုံသဏ္ဌာန်ရှိခဲ့တဲ့ Storm Hammer ဟာ Dota 2 အရောက်မှာတော့ Background Story  မှာ ပါဝင်တဲ့ သံလက်အိတ်နဲ့ ဖြုတ်ပစ်တဲ့ ပုံစံအဖြစ် ပြောင်းသွားခဲ့ပါတယ်။
ရိုးရှင်းလှတဲ့ AoE Disable Ability ဟာ Target ပုံစံ အသုံးပြုရမှာဖြစ်ပြီး သတ်မှတ်နေရာကို ရောက်သွားချိန်မှာ 255 AoE အတွင်းရှိ Enemy Unit များ အားလုံးကို Damage နဲ့ Stun သက်ရောက်စေပါမယ်။ ပုံသေ 2 seconds Stun နဲ့ 13 seconds cooldown ရှိပြီး ပုံသေ 140 Mana Cost ရှိပါတယ်။ ဒါကြောင့် အစောပိုင်း Ganker ပုံစံဆော့တဲ့ Sven ကစားသမားတွေအနေနဲ့ Soul Ring က ရွေးချယ်ဖို့ အသင့်တော်ဆုံး Core Item ဖြစ်ပါတယ်။

Cleave လို့ခေါ်တဲ့ Physical Attack ကို AoE Damage သက်ရောက်စေတဲ့ Passive Ability ဟာ Strength Hero များဖြစ်တဲ့ Sven, Maganus, Kunkka နဲ့ Tiny တို့ပဲ ပိုင်ဆိုင်ထားကြပြီး Item အနေနဲ့တော့ Battle Fury ဟာလည်း Cleave Passive ရှိပါတယ်။ Sven ရဲ့ Cleave ဟာ 300 AoE ရှိပြီး Battle Fury နဲ့ Empowered ထက် AoE ပိုကျယ်ပါတယ်။ မိမိ ဦးတည်တိုက်ခိုက်လိုက်တဲ့ Unit ဟာ စက်ဝိုင်းပုံရှိတဲ့ 300 AoE ရဲ့ အနားတစ်ဖက်အဖြစ် တွက်ချက်မှာဖြစ်လို့ Range 600 အကွာအဝေးအထိ Cleave Damage သက်ရောက်နိုင်ပါတယ်။  (300 AoEဟာ 300 Radius ရှိတဲ့ စက်ဝိုင်းကို ဆိုလိုတာဖြစ်လို့ Sven တိုက်ခိုက်လိုက်တဲ့ Unit ကို စက်ဝိုင်းရဲ့ အစွန်းတစ်ဖက်မှ စတင် Damage သက်ရောက်စေပြီး အဆိုပါ Unit ရဲ့အနောက် 300 Range အကွာမှာ စက်ဝိုင်းရဲ့ ဗဟိုရှိနေမှာ ဖြစ်ပါတယ်။) Cleave ရဲ့ ထူးခြား ချက်ကတော့ Fully Stack ဖြစ်နိုင်စွမ်းရှိလို့ Battle Fury တွေ မိမိစိတ်ကြိုက် အရေအတွက်ထည့်ပြီး တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဥပမာ  Battle Fury ၄ လက် စပ်လိုက်မယ်ဆိုရင် တစ်လက်ကို 35% နှုန်းနဲ့ စုစုပေါင်း 140% သော Physical Damage ဟာ Battle Fury ရဲ့ 280 AoE အတွင်းမှာ သက်ရောက်နေမှာ ဖြစ်ပါတယ်။ 4 Battle Fury + lvl 4 Great Cleave ဆိုရင်တော့ 280 AoE အတွင်းမှာ 205% Cleave Damage သက်ရောက်မှာဖြစ်ပြီး 280 AoE အလွန် 300 AoE အတွင်းမှာ 65% Cleave Damage ကို သက်ရောက်စေမှာ ဖြစ်ပါတယ်။ Support Role ဆော့မယ့် Sven အတွက်တော့ Great Cleave ကို ယူစရာမလိုပါဘူး။

Sven ရဲ့ Base Damage (Damage အဖြူ) ကို 100%/ 150%/200% အထိ တိုးလာစေမယ့် God’s Strength ဟာ Aghanim’s Scepter စပ်ခွင့်ရှိတဲ့ Ultimate Ability ဖြစ်ပါတယ်။ ဒါကြောင့် Daedalus, Battle Fury, Monkey King Bar တို့လို Raw Damage (Damage အစိမ်း) တွေကိုတော့ God Strength တိုးလာမယ့် Damage မှာ ထည့်သွင်း စဉ်းစားပေးမှာ မဟုတ်ပါဘူး။ အဖြူ Damage တက်ဖို့အတွက် မိမိရဲ့ Primary Attribute တိုးစေမယ့် Item များကို ရွေးချယ်နိုင်ပြီး Aghanim’s Scepter ကတော့ Sven ရဲ့ 900 AoE အတွင်းက Ally Hero များကို ၎င်းတို့ရဲ့ Main Attribute (Damage အဖြူ)ကိုကြည့်ပြီး 50%/ 75%/ 100% Damage တိုးလာမှာ ဖြစ်ပါတယ်။

Intelligence ပြဿ     နာရှိတဲ့ Sven အတွက်တော့ Warcry ဟာ လူကြိုက်နည်းတဲ့အတွက် v6.72c မြေပုံကနေစပြီး တိုးမြှင့်ပေးလာတာ ယခု v6.84 ရောက် တဲ့အထိပါပဲ။ 900 AoE, 20 Bonus Armor, 12% Bonus Movement Speed, 8 seconds Duration ရှိတဲ့အပြင် 25 Mana Cost တည်းရှိသည့်တိုင်အောင် လူကြိုက်နည်းနေဆဲပါပဲ။ တကယ်တော့ 12% Movement Speed တက်တာ တစ်ခုနဲ့တင် Warcry ဟာ သုံးပျော်ပြီဖြစ်လို့ အနည်းဆုံး တစ်ဆင့်လောက်တော့ ယူထားသင့်ပါတယ်။ Warcry ကို လူသုံး များစေဖို့အတွက် ယခု TI5 Immortal မှာ Vigil Signet ဆိုတဲ့ Sven Immortal ဟာ Warcry ရဲ့ Visual Effect ကို သိသိသာသာ ထူးခြားစေတဲ့ Custometic Item တစ်ခုအနေနဲ့လည်း ထည့်သွင်းပေးထားပါတယ်။

Sven ဟာ Damage Item ကို နောက်မှ စဉ်းစားလို့ရအောင် Ultimate God’s Strength ကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် Attack Speed Item များဖြစ်တဲ့ Mask of Madness, Shadow Blade တို့ဟာ Core Item များ ဖြစ်ကြပြီး Strength တက်တဲ့ BkB ကိုလည်း မဖြစ်မနေ စပ်သင့်တဲ့ Item စာရင်းမှာ ထည့်သွင်းထားပါတယ်။  ဒါကြောင့် Battle မှာ အသက်ရှင်ကျန်စေဖို့ Strength item များကို ရွေးချယ်ခြင်းဖြင့် Hp Pool ကို တိုးစေရုံမကဘဲ God’s Strength Damage ကိုလည်း တိုးစေမှာ ဖြစ်ပါတယ်။ Armlet, Heart, Satanic, Silver Edge, Heaven Halberd, Assault တို့ကို Late Game Item များအဖြစ် ဦးစားပေး စဉ်းစားသင့်ပြီး Daedalus, Monkey King  Bar, Battle Fury, Moonshard တို့ကိုတော့ အခြေအနေကြည့်ပြီးမှ ရွေးချယ်သင့်ပါတယ်။ Mid Game အတွက် နူးလွယ်နပ်လွယ်နဲ့ အသုံးတည့်စေဖို့ Blink Dagger, Madness, Bkb ကို ရွေးချယ်ဖို့ လိုအပ်ပြီး Support Role ဆော့မယ့် Sven အနေနဲ့ Aghanim’s Scepter အပြင် အစောပိုင်း Soul Ring, Dagger, Crimson Guard တို့ကို ရွေးချယ်နိုင်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။