iCloud

iCloud ဆိုသည်မှာ Apple ၏ email, storage နှင့် data synchronization အခပေး ဝန်ဆောင်မှုဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အခမဲ့ 5GB သိုလှောင်မှုပမာဏဖြင့် သုံးနိုင်သည်။

iCloud သည် လစဉ်ကြေးပေးပြီး သုံးစွဲသူများက ၎င်းတို့၏ address book, calendar, notes, Safari bookmarks နှင့် ဓာတ်ပုံများကို Apple ဆာဗာများတွင် သိမ်းဆည်းစေနိုင်သည်။ ၎င်းဝန်ဆောင်မှုအတွက် Apple ID တစ်ခုရှိရန် လိုအပ်ပြီး OS X 10.7 အသုံးပြုထားသော Mac များနှင့် iOS 5.0 အသုံးပြုထားသော ထုတ်ကုန်များမှ စတင်ကာ အသုံးပြုနိုင်သည်။

iCloud တွင် ပါဝင်သော အခြား feature များမှာ အောက်ပါအတိုင်းဖြစ်သည်။

Find my iPhone သည် သုံးစွဲသူ၏ iPhone, Mac နှင့် iPad တို့ ပျောက်ဆုံး/ခိုးယူခံရသည့်အခါ ၎င်းတို့၏ တည်နေရာကို သိရှိနိုင်သလို lock လုပ်ခြင်း အချက်အလက်များကို အဝေးမှ ဖျက်ခြင်းတို့ကို ပြုလုပ်စေနိုင်သည်။

Photo Stream ဝန်ဆောင်မှုသည် ထုတ်ကုန်၏ camera roll မှ ဓာတ်ပုံများကို အလိုအလျောက် သိမ်းဆည်းပေးပြီး အခြားထုတ်ကုန်မှ အသုံးပြုနိုင်စေသည်။

Device backup သည် iPhone နှင့် iPad တို့က screen lock ဖြစ်နေပြီး Wi-Fi ချိတ်ထားကာ အားသွင်းထားစဉ်တွင် iCloud မိုဘိုင်းဝန်ဆောင်မှုတွင် နေ့စဉ် back up အလိုအလျောက် ပြုလုပ်ပေးသည်။ Back up များကို manual အနေဖြင့်လည်း ပြုလုပ်နိုင်သည်။

iTunes store, iBookstore နှင့် App Store မှ ဝယ်ယူထားသမျှကို digital locker တစ်ခုတွင် သိမ်းဆည်းပေးထားသည်။ ၎င်းတို့ကို သုံးစွဲသူ၏ Apple ထုတ်ကုန်များမှ အလိုအလျောက် သို့မဟုတ် ကိုယ်တိုင်ထိန်းချုပ်ခြင်းဖြင့် download ပြုလုပ်နိုင်သည်။

Saved settings သည် App Store မှ ဝယ်ယူထားသမျှ၏ settings များနှင့် data ကို iCloud တွင် သိမ်းဆည်းပေးသောကြောင့် သုံးစွဲသူများက အခြားထုတ်ကုန်များတွင် အချက်အလက်များ ပြန်လည်ထည့်သွင်းရန် မလိုပေ။

iCloud ကို အခမဲ့အနေဖြင့် ထောက်ပံ့ပေးထားသလို အခပေးအနေဖြင့်လည်း အသုံးပြုနိုင်သည်။ သုံးစွဲသူများသည် 15GB သိုလှောင်မှုပမာဏအတွက် တစ်နှစ်လျှင် ဒေါ်လာ ၂၀ ဖြင့် သုံးနိုင်သည်။ ထို့အပြင် 25GB အတွက် တစ်နှစ်လျှင် ဒေါ်လာ ၄၀၊ 55GB အတွက် တစ်နှစ်လျှင် ဒေါ်လာ ၁၀၀ ကျသင့်မည် ဖြစ်သည်။