Wunderlist

Wunde.jpg

နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် to-do list အနေဖြင့် မှတ်တမ်းတင်ထားပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အလုပ်များပြားသည့် လူများအတွက် မိမိ လုပ်ဆောင်ရမည့် လုပ်ငန်းကိစ္စများကို မမေ့လျော့စေရန်အတွက် မှတ်တမ်းတင်ထားနိုင်မည် ဖြစ်သည်။

အဆိုပါဆော့ဖ်ဝဲကို အခမဲ့ Download ပြုလုပ်နိုင်မည်ဖြစ်ပြီး Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 42.14 MB ခန့် ရှိမည်ဖြစ်သည်။ Windows Vista မှ Windows 8 အထိ ထည့်သွင်းအသုံးပြုနိုင်မည့် ဆော့ဖ်ဝဲ အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။