Telenor ကွန်ရက်ကို တောင်ကြီး၌ စတင်မိတ်ဆက်

IMG_4375.jpg

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Telenor သည် ၎င်းတို့၏ ကွန်ရက်ကို တောင်ကြီးမြို့၌ တရားဝင် စတင်ဖွင့်လှစ်လိုက်သည်ဟု သိရသည်။

ရှမ်းပြည်နယ်အတွင်း ဆက်သွယ်ရေးကွန်ရက်ကို တောင်ကြီးမြို့ မှစတင်၍ Telenor က မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ တာဝါတိုင် ၄၅ တိုင်ရှိသည်ဟု သိရသည်။

“ဒီမှာ တာဝါတိုင် တစ်တိုင်တည်းနဲ့ စတင်စမ်းသပ်နေကတည်းက လူတွေဟာ SIM ကတ်တွေကို တခြားနေရာကနေ သယ်ဆောင်လာပြီးတော့ သုံးနေကြပြီ။ တာဝါတိုင်က လက်ရှိအချိန်အထိ လုံလောက်မှုရှိလားဆိုတော့ မလုံလောက်သေးဘူး။ အသုံးပြုနေရင်းနဲ့ ဆက်လက်တိုးချဲ့သွားရမှာ” ဟု Telenor ၏ CEO ဖြစ်သူက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် Telenor လက်လီအရောင်းဆိုင်ပေါင်း ၉၀၀ ကျော်ရှိပြီး တောင်ကြီးမြို့၌ လက်လီအရောင်းဆိုင်ပေါင်း ၆၀၀ ရှိသည်။ တာဝါတိုင် အားဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာနေဖြင့် ၂,၂၀၀ ကျော်ရှိပြီး လူဦးရေထူထပ်ရာ ဒေသများ၏ ၅၀ ရာခိုင်နှုန်းကို ကွန်ရက်လွှမ်းခြုံထားနိုင်သည်ဟု သိရသည်။

Telenor ကွန်ရက်မိတ်ဆက်ခဲ့သည့် တောင်ကြီးမြို့တွင်Telenor နှင့်အပြိုင် Ooredoo က ကွန်ရက် ဖွင့်လှစ်ထားသော်လည်း အဆိုပါကွန်ရက်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို သတင်း ထုတ်ပြန်ထားခြင်းမရှိပေ။