Google ၏ 60Tbps ပစိဖိတ် ကေဘယ်ကြိုးသွယ်တန်းမှု ဂျပန်နိုင်ငံတွင် စတင်

11209700_10153018563317825_3218140522217867247_n.jpg

ပစိဖိတ်သမုဒ္ဒရာအတွင်း FASTER ဟုခေါ်သော Google ၏ မြန်နှုန်းမြင့် ကေဘယ်ချိတ်ဆက်မှုအတွက် အရေးအပါဆုံး ခြေလှမ်းတစ်ရပ်ကို ဂျပန်နိုင်ငံရှိ ပင်လယ်ကမ်းခြေတစ်ခုတွင် စတင်လိုက်ကြောင်း သိရသည်။

ဂျပန်နိုင်ငံနှင့် အမေရိကန် အနောက်ဘက်ကမ်းခြေ အော်ရီဂွန်ဖြင့် ချိတ်ဆက်ထားသော ကီလိုမီတာ ၉,၀၀၀ ရှည်လျားသည့် FASTER ကေဘယ်သည် မြန်နှုန်းအမြင့်ဆုံး 60 terabytes per second (Tbps) ရရှိမည် ဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် အဆိုပါ စီမံကိန်းတွင် Google အပြင် ဂျပန်မှ KDDI, စင်ကာပူမှ SingTel, မလေးရှားမှ Global Transit နှင့် တရုတ်မှ China Mobile International, China Telecom Global တို့က ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။

NEC ၏ ပင်လယ်ရေအောက်ကွန်ရက်ဌာနမှ စီနီယာမန်နေဂျာဖြစ်သူ ရှိုတမာဆုဒက FASTER ကေဘယ်သည် အမေရိကန်နှင့် ဂျပန်နိုင်ငံအကြား ပိုမိုမြင့်မားသည့် အမြန်နှုန်းဖြင့် အသုံးပြုနိုင်စေမည် ဖြစ်သလို ပိုမိုအဆင်ပြေချောမွေ့စေပြီး လျင်မြန်သည့် အင်တာနက် အတွေ့အကြုံကို ရရှိစေမည်ဟု ပြောကြားခဲ့သည်။

FASTER ကေဘယ်ဖြင့် ဝန်ဆောင်မှုပေးခြင်းကို ၂၀၁၆ ခုနှစ် ဒုတိယ သုံးလပတ်တွင် စတင်နိုင်ရန် စီစဉ်ထားသည်။

Ref: CIO