Lego Jurassic World နှင့်အတူ Action ဂိမ်းသစ်များ ထွက်ရှိ

Lego-Jurassic-World-.jpg

Jurassic Park ရုပ်ရှင် လေးကားလုံးမှ ဇာတ်ဝင်ခန်းများတွင် Lego ရုပ်လေးများနေရာမှ ဝင်ရောက်ကစားနိုင်မည့် Lego Jurassic World ဂိမ်းခွေသစ်ကို PC, PS3, PS4, Xbox360, Xbox One, 3DS နှင့် PSVita တို့တွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကစားသူ နှစ်ယောက်တပြိုင်တည်း Same Screen Offline Co-op ကစားနိုင်မည့် Adventure နှင့် Puzzle ဂိမ်းသစ်ဖြစ်ပြီး လူသားဇာတ်ကောင်များအဖြစ်ရော Dinosaur တွေအဖြစ်ပါ ကစားနိုင်မည် ဖြစ်သည်။  ယခင်က ကြောက်စရာနှင့် ရင်ခုန်စရာရုပ်ရှင် ဇာတ်ဝင်ခန်းများကို ရယ်စရာကောင်းအောင် ပုံစံပြောင်းထားပေးထားသည်ဟု သိရသည်။

Lego Jurassic World နှင့်အတူ Adventure ဂိမ်းသစ်များအဖြစ် D4၊ Toren နှင့် Rolling Sun တို့လည်း ဆက်လက်ထွက်ရှိလာကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို GAME HIVE ဖုန်း – ၀၉၇၃၁၁၈၅၅၀  နှင့် ၀၉၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။