Locker

Locker.jpg

iPhone, iPad တို့တွင် အသုံးပြုနိုင်မည့် Lock Screen App တစ်ခု ဖြစ်သည်။ အဆိုပါ App သည် Lock Screen ပုံစံအမျိုးမျိုးကို စိတ်ကြိုက်ထည့်သွင်း အသုံးပြုနိုင်ရန်အတွက် စီစဉ်ဖန်တီးပေးထားသည့် App တစ်ခု ဖြစ်သည်။ စိတ်ဝင်စားဖွယ် Lock Screen များစွာကိုလည်း ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ App ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့် ပေးထားသည်။ iOS Version 7.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။