Dota 2 Reborn အကြိမ်ကြိမ် download လုပ်နေသည့် ပြဿနာကို ဖြေရှင်းခြင်း

reborn-3.jpg

Valve က စမ်းသပ်ဗားရှင်းအဖြစ် ဖြန့်ချိထားတဲ့ Dota 2 Reborn ကို Download ပြုလုပ်တဲ့သူတွေ အနေနဲ့ Download ပြီးသွားတဲ့ အခါမျိုးမှာ မရပ်သေးဘဲ ထပ်မံပြီး Download ပြုလုပ်တဲ့ ပြဿနာကို ကြုံတွေ့ရတဲ့ သူများအတွက် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း Dota 2 Reborn ကို exe ဖိုင်အသုံးပြုပြီး တိုက်ရိုက် Run နိုင်မှာဖြစ်ပါတယ်။

Dota 2 Reborn ကို Download ပြုလုပ်တဲ့အခါမှာ Download ပြီးသွားရင် နောက်တစ်ကြိမ် ထပ်မံ Download ပြုလုပ်ပါက အဆိုပါ Download ပြုလုပ်မှုကို ရပ်ထားလိုက်ပါ။ ပြီးသွားရင် Drive C: ထဲကိုဝင်ပြီး Steam Folder ရှိရာလမ်းကြောင်းကို သွားရမှာဖြစ်ပါတယ်။

Steam Folder ရှိရာလမ်းကြောင်းကိုသွားဖို့အတွက် Windows 32 bit ဆိုရင် C:\Program Files\Steam ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရမှာဖြစ်ပါတယ်။ Windows 64 bit အသုံးပြုသူများအတွက်ကတော့ C:\Program Files (x86)\steam ဆိုတဲ့ လမ်းကြောင်းကို ရွေးရမှာဖြစ်ပါတယ်။

Dota 2 Reborn ကို exe ဖိုင်ကနေ တိုက်ရိုက် Run ဖို့အတွက် Windows 32 bit အသုံးပြုသူများဆိုရင် \Program Files\Steam\steamapps\downloading\570\game\bin\win32 ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားပါ။ 64 bit သမားများအတွက် \Program Files (x86)\Steam\steamapps\downloading\570\ game\bin\win64 ဆိုတဲ့ လမ်းကြောင်းအတိုင်းသွားပြီး Doat 2 Logo လေးနဲ့ exe ဖိုင်ကို Run လိုက်ရင် Dota 2 Reborn Version ကို စတင် ကစားနိုင်ပါပြီ။