D4: Dark Dreams Don’t Die

2662378-2014091812492418-.jpg

D4: Dark Dreams Don’t Die ဂိမ်းသစ်ဟာ အရင်က Xbox One ဂိမ်းစက်အတွက် သီးသန့် exclusive ထုတ်လုပ်ထားပေမယ့် ဇွန်လအတွင်းမှာတော့ PC အတွက်ပါ ထွက်ရှိလာပြီဖြစ်ပါတယ်။ D4: Dark Dreams Don’t Die ကို မထွက်ခင်ကတည်းက ပရိသတ် စိတ်ဝင်စားစေတဲ့ အချက်ကတော့ ထူးခြားတဲ့ gameplay နှင့် storyline တွေ ပါဝင်ထားတဲ့ Survival Horror ဂိမ်း Deadly Premonition ကို ရေး
သားခဲ့တဲ့ Game Director Hide-taka Suehiro (SWERY65) ကိုယ်တိုင် ဖန်တီးထားလို့ပဲ ဖြစ်ပြီး Deadly Premonition တုန်းကလိုပဲ စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့ ပုံစံကွဲပြားထားတဲ့  ဇာတ်လမ်း တင်ဆက်မှုတွေ ပါဝင်ထားပါတယ်။ ခပ်ဆင်ဆင် gameplay design နှင့် story presentations တွေပါဝင်တဲ့ ဂိမ်းတွေ ထွက်နေတဲ့အချိန်မှာ SWERY65 ရဲ့ D4 လိုမျိုး ပုံစံသစ်တွေ ပါဝင်ထားတဲ့ ဂိမ်းတွေ ဆက်ထွက်နိုင်သေးတာ video game industry နှင့် gamers တွေအတွက် gaming idea သစ်တွေ ထွက်လာဖို့ အများကြီး ကျန်သေးတယ်လို့ ပြောရမှာပါ။

D4: Dark Dreams Don’t Die ရဲ့ basic gameplay အခြေခံပိုင်းကတော့ Telltale Games ရဲ့ The Walking Dead နှင့် Game of Thrones ဂိမ်းတွေလိုမျိုး point and click adventure ဂိမ်းပုံစံဖြစ်ပါတယ်။ Game Screen ပေါ်က Items တွေ မျိုးစုံကို လိုက်ရှာပြီး ဇာတ်လမ်းတက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှာရတာမျိုးတွေ၊ လိုအပ်တဲ့ လမ်းကို သွားနိုင်ဖို့ ညွှန်ပေး ရတာမျိုးတွေ အစရှိတဲ့ gameplay ပိုင်းအားလုံးကို Mouse ရဲ့ left click၊ right click နှင့် middle scroll button သုံးမျိုးကို အသုံးပြု ပြီးတော့ တစ်ဂိမ်းလုံးကို ကစားသွားနိုင်ပါတယ်။ Xbox One version မှာတုန်းကတော့ Kinect Motion Sensor ကို တွဲဖက် အသုံးပြုနိုင်ပေမယ့် PC Version မှာတော့ Kinect Motion Sensor အစား Mouse & Keyboard support အပြင် Controller support ကိုပါ ထည့်သွင်းပေးထားပါတယ်။ အခြား episode ခွဲထားတဲ့ Adventure ဂိမ်းအများစုလို puzzle gameplay အသားပေး ပုံစံထက် ဇာတ်လမ်းအသားပေး စုံထောက်ဂိမ်းပုံစံ Mystery ဂိမ်းအဖြစ် ရေးဆွဲထားပြီး ထူးဆန်းတဲ့ ဇာတ်လမ်းနှင့်အတူ ကြောင်တောင်တောင်နိုင်ပြီး ရယ်စရာကောင်းတဲ့ ဇာတ်ကောင်တွေကြောင့် Adventure ဂိမ်းနှစ်သက်သူတွေအတွက်ကတော့ D4 ရဲ့ Episodes အားလုံးဟာ ကစားသူကို အစမှအဆုံး ဆွဲဆောင်ထားနိုင်တာ တွေ့ရမှာပါ။

နိဒါန်း Prologue နှင့်အတူ Chapter One နှင့် Chapter Two တို့ ပါဝင်ထားတဲ့ D4 ဂိမ်းမှာ ကစားသူဟာ အလွတ်စုံထောက် တစ်ယောက်ဖြစ်သူ David Young နေရာက ဝင်ရောက် ကစားရမှာဖြစ်ပြီး အတိတ် ကို ပြန်လည် လေ့လာနိုင်တဲ့ အစွမ်းရှိသူတစ်ယောက် ဖြစ်ပါတယ်။ David Young အနေနဲ့ Life is Strange ဂိမ်းထဲကလိုမျိုး အတိတ်ကို လုံးဝပြန်သွားနိုင်မှာမဟုတ်ဘဲ ပစ္စည်းအများစုကို ထိတွေ့ပြီး သူတို့နှင့် ဆက်စပ်မှုရှိတဲ့ အချိန်နဲ့ အဖြစ်အပျက်တွေဆီကို ပြန်သွားနိုင်တဲ့ အစွမ်းရှိသူဖြစ်ပါတယ်။ David Young အနေဖြင့် mementos လို့ခေါ်တဲ့ အတိတ်ကို ပြန်လေ့လာနိုင်စေမယ့် Items တွေကို ပြန်ရှာဖွေရင်း သေ ဆုံးသွားတဲ့ သူ့ရဲ့ ဇနီးသည်ကို သတ်ခဲ့သူကို ရှာဖွေရမှာ ဖြစ်ပါတယ်။ “Look for D” ဆိုပြီးတော့ “D” ကို လိုက်ရှာဖို့ပဲ သဲလွန်စရခဲ့တဲ့ David Young ဟာ ဘယ်ကစပြီး စုံစမ်းရမှန်းမသိလို့ “D” နဲ့စတဲ့ လူအားလုံးကို လိုက်လံ စစ်ဆေးပုံဖြင့် ဇာတ်လမ်းဆင်ထားပြီး storyline တစ်လျှောက် Partner ဖြစ်သူ Teddy နှင့် လူသားပုံ ပြောင်းလဲနိုင်တဲ့ ကြောင်မလေး Amanda တို့ရဲ့ အကူအညီနဲ့ mementos တွေကို လိုက်ရှာပြီး အတိတ်က အဖြစ်အပျက်တွေကို စုံစမ်းရမှာပါ။

အရင်က မူးယစ် တိုက်ဖျက်ရေး ရဲအဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့တဲ့ David Young ဟာ သဘာဝလွန် အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရစေတဲ့ Real Blood အမည်ရ မူးယစ်ဆေး ရောင်းချသူတွေနဲ့လည်း ရင်ဆိုင်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ရန်သူတွေနဲ့ တိုက်ခိုက်တဲ့အခါမှာတော့ Xbox One Version မှာ Kinect Motion Sensor ကို အသုံးပြု ပြီး ရှောင်တိမ်းရမှာ ဖြစ်သလို PC Version မှာတော့ Mouse ကိုဘဲ drag ရွှေ့ပြီးတော့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခြား gameplay ပိုင်း အနေနဲ့က items တွေကို ကြည့်ရှုမယ်ဆိုရင်တော့ Stamina point ကို အသုံးပြုရမှာဖြစ်ပေမယ့် တော်ရုံတန်ရုံ items တွေ အများကြီး လိုက်မရှာရင် Stamina ကုန်သွားမှာလည်း မဟုတ်သလို Bar ပြန်ဖြည့်ဖို့ကတော့ ကြောင်ကလေး Amanda ရဲ့ဆိုင်မှာ Stamina Boost Items တွေ ဝယ်ယူနိုင်ပါတယ်။ Gameplay ပိုင်းထက်စာရင်တော့ ရယ်စရာကောင်းတဲ့ dialogue တွေနဲ့ ဇာတ်လမ်းပိုင်းကို အများစု ပိုသဘောကျမှာမို့လို့ Interactive Visual Novel ပုံစံမျိုးတောင် ဖြစ်နေပါတယ်။

D4 ဟာအရင်က Xbox One console exclusive ဖြစ်ပေမယ့် PC အတွက် ထွက်ရှိလာတဲ့ စိတ်ဝင်စားစရာ Adventure ဂိမ်းကောင်းဖြစ်သလို Microsoft အနေနဲ့ E3 2015 conference မှာ Killer Instinct နှင့် Gears of War Ultimate Edition လို Xbox One exclusive ဂိမ်းသစ်တွေဟာလည်း PC အတွက်ပါ ထွက်ရှိလာမယ် ကြော်ငြာထားလို့ Xbox One စက် မဝယ်ဖြစ်သေးသူတွေအနေနဲ့ PC မှာတင် ယခင် exclusive game တွေကို အားရပါးရ ကစားနိုင်တော့မှာ သေချာနေပါတယ်။