Android OS တွင် Adblock Plus ကို Config ပြုလုပ်ခြင်း

8.jpg

သင်ဟာမကြာခဏ Android OS အသုံးပြုထားတဲ့ Smart Phone ပေါ်ကနေ Web Browser တွေကို အသုံးပြုပါသလား။ ဒီလို Smart Phone ပေါ်ကနေ Web Browser တွေကို အသုံးပြုတဲ့အခါမှာ တစ်ခါတစ်လေ မလိုအပ်တဲ့ ကြော်ငြာတွေဟာ ဝက်ဘ်ဆိုက်ရဲ့ စာမျက်နှာမှာ တွေ့ရတတ်ပါတယ်။ ဒီလိုမျိုး ကြော်ငြာတွေကို ဖယ်ရှားနိုင်ဖို့အတွက် Adblock Plus ဆိုတဲ့ App ကိုအသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။

Adblock ကတော့ PC ပေါ်မှာဆိုရင်လည်း Firefox Browser မှာလူသုံးများတဲ့ Add-on တစ်ခုအနေနဲ့ ရှိမှာဖြစ်ပြီး၊ Mobile Phone Platform အတွက်တော့ Adblock Pls ဆိုပြီး App တစ်ခုအနေနဲ့ ထုတ်လုပ်ပေး ထားပါတယ်။ Adblock Plus ကို အသုံးပြုပြီးတော့ ကြေငြာတွေကို တားဆီးဖယ်ရှားဖို့ အတွက်ဆိုရင် အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Adblock Plus ကို မထည့်သွင်းမီမှာ ကိုယ့်ရဲ့ Device ဟာ Root ပြုလုပ်ထားလား မလုပ်ထားဘူးလားဆိုတာ စစ်ဆေးရပါမယ်။ အကယ်၍ သင့် Device ဟာ Android 3.1 နဲ့ အထက်ဆိုရင် Root ပြုလုပ်ထားစရာ မလိုပါဘူး။

Adblock Plus ကို Install မပြုလုပ်ခင်မှာ ပထမဦးဆုံး ကြိုတင်ပြုလုပ် ထားရမှာတွေကတော့ Settings ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Security ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Security  အောက် ရောက်ရင် Unknown Sources ဆိုတာကို အမှန်ခြစ်ပေး ထားရပါမယ်။

နောက်တစ်ဆင့်ကတော့ Adblock Plus ကို Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Install ပြုလုပ်ဖို့အတွက် Play Store ကိုမသုံးပဲ ဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေ တိုက်ရိုက်ထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် ဝက်ဘ်ဆိုက် လိပ်စာကတော့ https://goo.gl/miAz63 ဆိုတဲ့လိပ်စာပဲ ဖြစ်ပါတယ်။

အဆိုပါ ဝက်ဘ်ဆိုက် လိပ်စာကို ရောက်ပြီဆိုရင် QR Code ကိုအသုံးပြုပြီး Adblock Plus ကို Download ပြုလုပ်ပြီး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Download ပြုလုပ်တဲ့အဆင့် ပြီးသွားပြီဆိုရင် Download ပြုလုပ်ထားတဲ့ APK ဖိုင်ကို Install ပြုလုပ်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။

အဆိုပါ App ကို Install ပြုလုပ်ပြီးရင် ဖွင့်လိုက်ပါ။ Filtering မှာ On ပြုလုပ်ပေးထားရမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ် ပေးထားမှသာ ကြေငြာတွေကို Block ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

ပြီးသွားရင် နောက်တစ်ဆင့် ကတော့ Proxy Settings ပဲဖြစ်ပါတယ်။ ဒီနေရာမှာ Default အနေနဲ့ Proxy က Localhost ဖြစ်ပြီး Port ကတော့ 2020 ဖြစ်ပါတယ်။

Proxy ကို ထည့်သွင်းဖို့အတွက် Open Wireless Settings ဆိုတာကိုနှိပ်ပြီး ကိုယ်အသုံးပြုနေတဲ့ Wireless ကိုရွေးချယ်ပြီး နှိပ်ထားလိုက်ပါ ဒါဆိုရင် Forget network နှင့် Modify network ဆိုပြီး တွေ့ပါလိမ့်မယ်။

Modify network ကို နှိပ်ပြီး show advanced options ဆိုတဲ့ နေရာမှာ အမှန်ခြစ်ထည့်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အောက်ဘက်မှာ Proxy host name နေရာမှာ localhost ဆိုတာကို ထည့်ရမှာ ဖြစ်ပါတယ်။ Port နေရာမှာတော့ 2020 ဆိုတာကို ထည့်ရပါမယ်။

အထက်ပါ အဆင့်တွေ ပြီးသွားပြီဆိုရင်တော့ ကြေငြာတွေ မကြာခဏ တက်တတ်တဲ့ ဝက်ဘ်ဆိုက်တွေကို အသုံးပြုတဲ့အခါမှာ အဆိုပါ Adblock plus က ဖယ်ရှားရှင်းလင်း ပေးသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။