Virtual reality ထုတ်ကုန်များ ထုတ်လုပ်ရန် Valve နှင့် Microsoft ပူးပေါင်း

screen-shot-2015-01-21-at-10-42-13-am.jpg

Microsoft သည် Valve ကုမ္ပဏီနှင့်အတူ virtual system များကို ထောက်ပံ့မှုပေးရန် အကျိုးတူ ပူးပေါင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်ကို လော့စ်အိန်ဂျလိစ်တွင် ပြုလုပ်ခဲ့သည့် E3 ဗွီဒီယို ဂိမ်းကွန်ဖရင့် Xbox သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည်။

ထို့အပြင် Microsoft သည် Oculus Rift headset နှင့် Xbox ဂိမ်းခလုတ် တစ်ခုပါဝင်သည့် bundle ကို ထုတ်လုပ်ရန် Oculus နှင့်ပူးပေါင်းခဲ့သေးသည်။ Microsfot အနေဖြင့် Oculus, Valve နှင့်ကိုယ်ပိုင် HoloLens VR headset များကို ထောက်ပံ့ပေးရန် ကြိုးပမ်းလျက်ရှိသည်။ Microsoft သည် ကုမ္ပဏီများမှ virtual reality ထုတ်ကုန်များ ဈေးကွက်သို့ တစ်ချိန်တည်း ဝင်ရောက်လာပါက သုံးစွဲသူများ အသုံးပြုနိုင်ရန် ထောက်ပံ့မှုများ ပေးလျက်ရှိသည်။ Facebook ကပိုင်ဆိုင်သော Oculus သည်လည်း လာမည့်နှစ်အစောပိုင်းတွင် Rift

headset များကို စီးပွားဖြစ်ရောင်းချ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Valve သည်လည်း စမတ်ဖုန်းကုမ္ပဏီ HTC နှင့်ပူးပေါင်း၍ Vive ဟု အမည်ရသော VR headset အား ယခုအားလပ်ရက်တွင် ဈေးကွက်သို့ ဖြန့်ချိသွားမည် ဖြစ်သည်။

Microsoft အနေဖြင့် ၎င်း၏ ကိုယ်ပိုင် HoloLens headset ဖြင့် Minecraft ဂိမ်းကို စမ်းသပ်ကစား ပြခဲ့သည်။ အဆိုပါ လက်တွေ့စမ်းသပ်မှုတွင် သုံးစွဲသူသည် HoloLens headset ကိုတပ်ဆင်၍ သစ်သားစားပွဲပေါ်တွင် Minecraft ဂိမ်းအား virtual simulation ဖြင့်ကစားခဲ့သည်။ ထိုလက်တွေ့ စမ်းသပ်မှုတွင် Microsoft သည်

virtual reality ၌ မြင်တွေ့ရသည့် မြင်ကွင်းများကို လူအများမြင်တွေ့ ရစေရန်ပြသခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နည်းပညာသည် သုံးစွဲသူများကို ခြားနားသော virtual world များသို့ ခေါ်ဆောင်သွားနိုင်သည်။ HoloLens ထုတ်ကုန်သည်လည်း နည်းပညာကဏ္ဍအတွင်း အရေးပါလာမည့် တွန်းအားတစ်ရပ် ဖြစ်လာဖွယ်ရှိကြောင်း လူအများက ရှုမြင်လျက်ရှိကြသည်။ HloLens headset တွင် အသံပိုင်းဆိုင်ရာအတွက် စပီကာများနှင့် ကင်မရာများစွာ ပါဝင်သလို ပတ်ဝန်းကျင် အနေအထားကို ပုံဖော်ပေးရန် အာရုံစနစ်နှင့် သုံးစွဲသူ၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းလှုပ်ရှားမှုများကို ခြေရာခံပေးမည် ဖြစ်သည်။

HoloLens သည် Windows 10 software တွင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း Micorsoft က ထုတ်ပြန်ခဲ့သည်။   ထို့ကြောင့်  developer များအနေဖြင့် HoloLens ကို PC, Xbox One, Surface tablet နှင့် Windows စမတ်ဖုန်းများတွင် အသုံးပြုနိုင်ရန် universal app များဖန်တီးနိုင်မည် ဖြစ်သည်။

Ref : CN