CCNA အမှတ် ၁,၀၀၀ ဖြင့် အောင်မြင်ခဲ့သော မောင်မျိုးကိုဝင်း

IMG_41686705933812.jpg

ဒီအပတ်မှာတော့ CCNA ကို အမှတ် ၁,၀၀၀ နဲ့ အောင်မြင်ခဲ့တဲ့ မောင်မျိုးကိုဝင်းရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

CCNA စာမေးပွဲမှာ အမှတ်ပြည့် ၁,၀၀၀ ရခဲ့တယ်လို့ သိရပါတယ်။ International Exam အတွက် Pro-Gate ကနေ ဘယ်လို သင်ယူမှု၊ ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့လဲ သိပါရစေ။

ဟုတ်ကဲ့။ ProGate သင်တန်းကျောင်းမှာတော့ ကျွန်တော် သီအိုရီပိုင်းရော၊ လက်တွေ့ပိုင်းရော လေ့လာ သင်ယူခဲ့ပါတယ်။ အဓိကတော့ ဆရာသူရိန်ထက်ရဲ့ သင်ကြားပြသတဲ့အတိုင်း ကျွန်တော့် ဘက်မှ စနစ်တကျ လိုက်လုပ်ခဲ့တာပါပဲ။ ဆရာက exam အတွက်တင်မဟုတ်ဘဲ ကျွန်တော့်ရဲ့ လက်ရှိ လုပ်နေတဲ့ လုပ်ငန်းခွင်မှာပါ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ရပ်တည်နိုင်အောင် စိတ်ရှည်လက်ရှည်နဲ့ သင်ကြားပေးခဲ့ပါတယ်။ စာမေးပွဲမှာလည်း အခက်အခဲ မရှိအောင် သူ့ရဲ့အတွေ့အကြုံတွေနဲ့အတူ စာတွေ့ရော၊ လက်တွေ့ရော ဆရာက သေသေချာချာ စိတ်ရှည်ရှည်နဲ့ သင်ကြားပေးခဲ့ပါတယ်။ စာမေးပွဲနဲ့ ပတ်သက်တာတွေကို Online ကနေလည်း လေ့လာခဲ့ပါတယ်။

အမှတ် ၁, ၀၀၀ ရခဲ့တဲ့အပေါ် ခံစားမှုကိုလည်း ပြောပြပေးပါဦး။

အရမ်းကို ဝမ်းသာခဲ့ရပါ တယ်။ နောက်ပြီးတော့ ProGate မှ ဆရာသူရိန်ကိုလည်း အရမ်း ကျေးဇူးတင်မိပါ တယ်။ ဆရာ့ရဲ့ အားပေးသင်ကြားမှုတွေကြောင့် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့တာပါလို့ ပြောချင်ပါတယ်။ အစစအရာရာ စာမေးပွဲအတွက် ပြင်ဆင်ပေးခဲ့ပါတယ်။ မေးခွန်းတွေ သေချာဖြေဖို့နဲ့ မလောဖို့ကိုလည်း ဆရာက စာမေးပွဲခန်းမဝင်ခင် အထိ သေချာမှာကြားဂရုစိုက်ပေးပါတယ်။ သင်ကြားပေးခဲ့သော သင်ဆရာ၊ မြင်ဆရာ အားလုံးကို လေးစား ဦးညွှတ်ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

CCNA ကိုလေ့လာလိုတဲ့ ညီငယ်၊ ညီမငယ်တွေအတွက် ပြောပြချင်တာများရှိရင်လည်း သိပါရစေ။

သင်တန်းကပေးတဲ့Therory တွေ၊ Pratical တွေကို သေချာလေ့လာပါ။ Cisco နဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ Exam Question တွေ လေ့လာပါ။ စာမေးပွဲကို  ကိုယ်တိုင်ယုံကြည်မှုရှိမှ ဝင်ရောက်ဖြေဆိုပါလို့ ပြောချင်ပါတယ်။ ဆရာအမြဲမှာသလိုပေါ့၊ စိတ်မလောပါနဲ့၊ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး မေးခွန်းတွေ ကို သေချာ ဖတ်စေချင်ပါတယ်။ ကြိုးစားရင်၊ စိတ်ဝင်စားရင် ဘာမဆိုဖြစ်နိုင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

CCNA ပြီးတော့ ဆက်လက်လေ့လာချင်တဲ့ ဘာသာရပ်တွေရှိရင်လည်း သိပါရစေ။

ရှိပါတယ်။ CCNP ကို ထပ်လေ့လာမှာပါ။ ပြီးရင် Security ပိုင်းဆိုင်ရာ ဘာသာရပ်တွေကိုလည်း ဆက်လက် လေ့လာချင်ပါတယ်။

နည်းပညာပိုင်းတွေကို ဘယ်အတိုင်းအတာထိ လေ့လာသင်ယူသွားမလဲ သိချင်ပါတယ်။

ကျွန်တော်အနေနဲ့ကတော့ အိုင်တီနယ်ပယ်မှာ ကျင်လည်နေသမျှ လေ့လာမှုဆိုတာ အမြဲရှိနေမှာပဲလို့ ထင်ပါတယ်။ နည်းပညာရဲ့ တိုးတက်ပြောင်းလဲမှုတွေက ရပ်တန့်မနေပါဘူး။ တစ်နေ့ထက်တစ်နေ့ နည်းပညာအသစ်တွေ ပေါ်နေတာမို့လို့ အမြဲတမ်း အဆက်မပြတ် လေ့လာနေဖို့ လိုပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက် လေ့လာနေဦးမှာပါ။

နည်းပညာပိုင်းတွေ လေ့လာနေတဲ့သူများအတွက် ပြောချင်တာလေးရှိရင် ပြောပေးပါ။

အမှန်တကယ် စိတ်ဝင်စားပြီး ဝါသနာပါတယ်ဆိုရင် ကြိုစားပါ။ ကြိုးစားရင် အောင်မြင်မှုဆိုတာ မလွဲပါဘူး။ ဘာအခက်အခဲတွေရှိနေပါစေ၊ အားမလျှော့ဘဲ ကြိုးစားပါလို့။ ကျွန်တော်ဆိုရင် Cisco ဘာသာရပ်တွေကို မသိသေးခင်က လုပ်ငန်းခွင်မှာ အခက်အခဲတွေနဲ့ အနှိမ်ခံခဲ့ရတာတွေ၊ အားငယ်စရာတွေ ကြုံခဲ့ရပါ တယ်။ အဲဒါကြောင့် လက်လှမ်းမီသမျှ နည်းပညာရပ်တွေကို သင်ယူလေ့လာပါ။