Xbox One တင်ပို့ရောင်းချမှု အလုံးရေ ၁၀ သန်းအထိ ရှိလာ

xbox-one-.jpg

ပြီးခဲ့သည့် ရက်အနည်းငယ်က Microsoft သည် လက်လီဆိုင်များသို့ Xbox One ဂိမ်းစက်အလုံးရေ ၁၀ သန်းခန့် တင်ပို့ရောင်းချ နိုင်ခဲ့ကြောင်း ထုတ်ပြန်သွားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်သည် ပြီးခဲ့သည့် သုံးလက Sony က Play Station 4 ဂိမ်းစက် ၁၀ သန်း ရောင်းချခဲ့ရကြောင်း ပထမဆုံးအကြိမ် ထုတ်ပြန်ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ Microsoft သည် Xbox One ဂိမ်းစက်ကို ဝယ်ယူသူများသို့ တိုက်ရိုက်ရောင်းချသည့် အရေအတွက်ထက် လက်လီဆိုင်များသို့ ရောင်းချမှုနှုန်းကိုသာ တွက်ချက်ထားခြင်း ဖြစ်သည်။ PS4 ဂိမ်းစက်များသည် ၉ လဆက်တိုက် Xbox One ကိုကျော်လွန်၍ အလုံးရေ ၁၃.၅ သန်း ရောင်းချခဲ့ရသည်။ သို့သော် Xbox One ဂိမ်းစက်များသည် ပြီးခဲ့သည့် နှစ်ပတ်ခန့်က အမေရိကန်နိုင်ငံ အားလပ်ရက် ရာသီတွင် အခြား ဂိမ်းစက်များထက် အလုပ်အများဆုံး ဖြစ်ခဲ့ကြောင်း Microsoft ၏ထုတ်ကုန်နှင့် စတူဒီယို အကြီးအကဲ ယူဆွတ်မာဒီက ပြောခဲ့သည်။

ယခုအခါ Xbox ဂိမ်းစက်များကို ယာယီအားဖြင့် ဒေါ်လာ ၅၀ လျှော့ချ၍ ရောင်းချနေခြင်းကြောင့်လည်း ဝယ်ယူမှု များပြားနေသည်။ ယခုလ အစောပိုင်းတွင် မာဒီက Xbox One ဂိမ်းစက်များကို ဈေးနှုန်းပြောင်းလဲ ခဲ့ချိန်မှစ၍ ဂိမ်းစက်ဝယ်ယူမှု အလွန်မြင့်မားလာကြောင်း ဝန်ခံပြောကြား သွားခဲ့သည်။

-စိုးထက်
(Ref: TheVerge)