Ads နှင့် Video File များ Auto Play မပြုလုပ် နိုင်စေရန်အတွက် ကာကွယ်ခြင်း

Stop_autoplaying_ads_Chrome.jpg

နေ့စဉ် အင်တာနက် သုံးစွဲနေသူများအတွက် အင်တာနက် သုံးစွဲချိန်တွင် Web Browser များပေါ်မှာ Flash File နှင့် Ads များ Video များ Auto Play မပြုလုပ်နိုင်စေရန်အတွက် တားဆီးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Ads များ တက်လာခြင်း ကြော်ငြာ Video များ Auto Play ပြုလုပ်ခြင်း အစရှိသည်တို့ကို ကာကွယ်နိုင်ဖို့အတွက် Browser အလိုက် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Chrome Browser ကို အသုံးပြုသူများ အတွက်ကတော့ Chrome Browser ရဲ့ Address Bar မှာ chrome://chrome/settings/content ဆိုတာကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Content Box ကျလာမှာ ဖြစ်ပါ တယ်။ အဆိုပါ နေရာတွင် Plug-in ဆိုတာကို လိုက်ရှာရမှာဖြစ်ပါတယ်။ Plug-in နေရာကိုရောက်ရင် Run all plugin content ဆိုတဲ့နေရာကို ရွေးချယ်ထားပေးရမှာ ဖြစ်ပါတယ်။

Firefox Browser သုံးစွဲသူများအတွက်ကတော့ Address bar မှာ about:config ဆိုတာကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ Configuration နေရာကို ရောက်ပြီဆိုရင် plugins.click_to_play ဆိုတာကို Search box မှာ ရိုထည့်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Plugin တွေကို Allow လုပ်မလား Block ပြုလုပ်မလားဆိုတာ ကိုရွေးချယ်ပေးနိုင်ပါတယ်။ အကယ်၍ ဒီ Configuration နဲ့အလုပ်မဖြစ်ဘူးဆိုရင်တော့ Flashblock ဆိုတဲ့ Add-on ကို https://goo.gl/NwxsN0 ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေ သွားရောက်ရယူပြီး ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။

Internet Explorer ကို အသုံးပြုသူများ အတွက်တော့ Flash media ဖိုင်တွေ autoplay ပြုလုပ်နေမယ်ဆိုရင် Tools Menu ကို နှိပ်လိုက်ပါ။ ပြီးသွားရင် ActiveX Filtering ဆိုတာကို အမှန်ခြစ်လေး ထည့်ထားပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Browser တွေမှာ ကြေငြာနဲ့ပတ်သက်တဲ့ Video File တွေ Auto Play မပြုလုပ်နိုင်ရန် ကာကွယ်တားဆီး နိုင်ပြီဖြစ်ပါတယ်။