Bug

ကွန်ပျူတာနည်းပညာတွင် bug သည် ကွန်ပျူတာပရိုဂရမ်တစ်ခု၏ coding error ဖြစ်သည်။ ပရိုဂရမ် သုံးစွဲသူများထံ မဖြန့်ချိမီ bug များ ရှာဖွေသည့် လုပ်ငန်းစဉ်ကို debugging ဟုခေါ်သည်။ ထုတ်ကုန်တစ်ခုကို ဖြန့်ချိပြီးနောက် သို့မဟုတ် public beta အနေဖြင့် ဖြန့်ချိပြီးနောက် bug များကို ဆက်လက်ရှာဖွေရသည်။ အားနည်းချက်များ တွေ့ရှိသည့်အခါ သုံးစွဲသူများက buggy code ကို အသုံးပြုကာ ရှောင်လွှဲနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရသလို code ကို ဖန်တီးသူထံမှ patch တစ်ခုကို ရယူရသည်။

Bug များသည် ကွန်ပျူတာကို ချွတ်ယွင်းစေရုံသာမက ထိုထက်ဆိုးရွားသည့် ဖြစ်စဉ်များကိုပါ ဖြစ်ပွားစေနိုင်သည်။ Wired News ၏ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး software bugs (၁၀) မျိုး သတင်းဆောင်းပါးတွင် ဖော်ပြချက်အရ bug များသည် ပေါက်ကွဲမှုများ ဖြစ်ပေါ်စေနိုင်သလို လူသေဆုံးသည့် ဖြစ်ရပ်များပင် ဖြစ်ပွားစေခဲ့ကြောင်း သိရသည်။ ဥပမာ အနေဖြင့် ၁၉၈၂ ခုနှစ်တွင် ဆိုက်ဘေးရီးယားကို ကျော်ဖြတ်ချိတ်ဆက်ထားသော ဂက်စ်ပိုက်လိုင်းကို ထိန်းချုပ်သည့် စနစ်တစ်ခု၏ bug ကြောင်း သမိုင်းတွင် အကြီးမားဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၈၇ ခုနှစ်တွင် race condition ဟုခေါ်သော ရေဒီယိုဓာတ်ရောင်ခြည်ဖြင့် ကုသသော device တစ်ခုရှိ bug တစ်ခုကြောင့် လူငါးဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အကြောင်းကိစ္စမရှိဘဲ ကားအင်ဂျက်စက်သေသည့် ဖြစ်ရပ်ဖြစ်ပွားမှုကြောင့် Prius ကား ၁၆၀,၀၀၀ ကို Toyota မှ ပြန်လည်သိမ်းဆည်းခဲ့ရသည်။