Fuji Xerox ဘက်စုံသုံးမိတ္တူ ကူးစက် ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ ကျင်းပ

IMG_20150612_190156-.jpg
Fuji Xerox Asia Pacific Pte.Ltd နှင့် Concordia International Co Ltd တို့ ပူးပေါင်း၍ နောက်ဆုံးပေါ်ဘက်စုံသုံး မိတ္တူ ကူးစက် ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲကို ဇွန်လ ၁၂ ရက် ညနေ ၅း၃ဝ အချိန်တွင် မန္တလေးမြို့ရှိ Sedona Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာပြည် နှင့် အသင့်တော်ဆုံး နောက်ဆုံးပေါ် ခေတ်မီအဆင့်မြင့်ဘက်စုံသုံး ဒစ်ဂျစ်တယ်မိတ္တူကူးစက်  DocuCentre S2520/S2320 နှင့် ပတ်သက်သည့် အကြောင်း အရာများကို Fuji Xerox Asia Pacific Pte.Ltd မှ မမေနွယ်စိုးအောင်က ရှင်းလင်းဆွေးနွေးခဲ့သည်။
ကုန်ပစ္စည်းသစ်များဖြစ်သော DocuCentre S2520, S2320 Series များမှာ Copy, Print, Scan, Fax, Email များကို အသုံးပြုနိုင်ပြီး တစ်မိနစ်လျင် အဖြူ၊အမည်း ၂၅ ရွက်အထိ ထုတ်ယူနိုင်မည် ဖြစ်သည်။ Scanning ပြုလုပ်ရာတွင်လည်း colour ဖြင့် ပြုလုပ်နိုင်မည်ဖြစ်သည်။ DocuCentre S2520/ S2320 Series ဒစ်ဂျစ်တယ်မိတ္တူ ကူးစက်များမှာ ပုံနှင့်စာသားများ
ကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်ယူနိုင်သည့်အပြင် Fuji Xerox မှ ထိပ်တန်းနည်းပညာဖြစ်သော EA eco(Emulation Aggregation) Toner နည်းပညာဖြစ်သောကြောင့် ပုံထွက်အရည်အသွေးမှာ အလွန်ကောင်းမွန်သည်ဟု သိရသည်။