Ubuntu OS ပေါ်တွင် USB Drive ကို Encrypt ပြုလုပ်ခြင်း

usb-encrypt-format-fields.jpg

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ မိမိရဲ့ USB Drive ထဲက အချက်အလက်တွေကို အခြားသူတွေ အလွယ်တကူနဲ့ ဝင်ရောက် အသုံးမပြု နိုင်စေဖို့အတွက် ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။ USB Drive ထဲက အချက်အလက်တွေကို လုံခြုံစိတ်ချစွာနဲ့ ထိန်းသိမ်းထားနိုင်ဖို့အတွက် Ubuntu OS ပေါ်ကနေ Device ကို Encrypt ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS ပေါ်ကနေ USB Drive ကို Encrypt ပြုလုပ်ဖို့အတွက်  Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ်ထားသင့် ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntuရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Crypt Installer ကို Install  ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo apt-get install -y cryptesetup

ဆိုတဲ့ Comman ပဲ ဖြစ်ပါတယ်။ ဒီ Command ကို အသုံးပြုပြီးရင် Crypt Installer နဲ့ ပတ်သက်တဲ့ Package တွေကို Download ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Download ပြုလုပ်ပြီးသွားရင် တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

Crypt ကို အသုံးပြုဖို့အတွက် Disk Utilities ကို Dash Home ကနေ ဖွင့်လိုက်ပါ။ USB Drive တပ်ထားတယ်ဆိုရင် Disk Utilities ထဲမှာ ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မိမိ USB Drive ထဲက အချက်အလက် တွေကိုတော့ Backup ပြုလုပ်ထားရပါမယ်။ Encrypt ပြုလုပ်ဖို့အတွက် Drive ကိုရွေးပြီးရင် Gear Icon လေးကိုနှိပ်ပြီး Format ဆိုတာကို ရွေးချယ်ပေးရပါမယ်။ Format ပြုလုပ်မယ့်နေရာမှာ Type မှာ Encrypted, Compatible with Linux Systems ဆိုတာကို ရွေးချယ်ပေးပြီး အောက်မှာ Password ထည့်သွင်းပေးပါ။ Password ထည့်သွင်းပြီးသွားတာနဲ့ Format ကို နှိပ်လိုက်ရင် USB Drive ကိုစတင်ပြီး Encrypt ပြုလုပ်ပြီ ဖြစ်ပါတယ်။