Intel SSD 530 Series (120GB)

Intel-SSD-530-Series-(120GB).jpg

Intel SSD 530 Series သည် 20nm Multi Level Cell (MLC) စနစ်သုံး NAND Flash Memory ကို အသုံးပြုထားသည်။ Interface အနေဖြင့် SATA 6 Gb/s ဖြစ်ပြီး SATA 3 Gb/s ဖြင့်ပါ အဆင်ပြေစွာဖြင့် တွဲဖက်အသုံးပြုနိုင်မည် ဖြစ်သည်။  Storage အနေဖြင့် 120 GB ပမာဏပါဝင်ပြီး Read Speed စွမ်းဆောင်မှု 540MBG နှင့် Write Speed စွမ်းဆောင်မှု 490MBG ဖြင့် လုပ်ဆောင်ပေးမည် ဖြစ်သည်။  နည်းပညာထောက်ပံ့ချက်အနေဖြင့်  Optimizes I/O Caching နည်းပညာက Windows အတွက်  Boot times ကို ပိုမိုမြန်ဆန်စေပြီး System Performance ပိုင်းကို အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် ရရှိနိုင်မည် ဖြစ်သည်။ အာမခံသက်တမ်းကို ၅ နှစ် ပေးထားပြီး ကွန်ပျူတာအရောင်းဆိုင်တိုင်းတွင် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။