ITU Telecom World 2015 ပြိုင်ပွဲ မြန်မာ ပထမရရှိ

Untitled.jpg

ITU Telecom World 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမ ရရှိခဲ့ကြောင်း သိရသည်။

အိဖြူဇင် (UMS Queen Company) မှ “School Administration Management Solutions (SAMS)” မှရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ကမ္ဘာ တစ်ဝန်းမှ တင်သွင်းသူပေါင်း (၁၆၆) ဦးရှိခဲ့ ကြောင်း၊ ၇.၅.၂၀၁၅. ရက်နေ့တွင် Shortlist Consideration (၄၁) ဦးကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယင်းထဲမှ ၇.၅.၂၀၁၅ ရက်နေ့တွင် Final Shortlists ( ၂၈) ဦးရွေးချယ်ခဲ့ရာ မြန်မာ (၃) ဦး ပါဝင်ခဲ့ကြောင်း သိရသည်။ အိဖြူဇင် (UMS Queen Company) မှ
“School Administration Management Solutions (SAMS)” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လဲ့ရည်စိုးမှ “Save the Street Children” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ထူးမြတ်အောင်မှ “Road map for enterprenuurs” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆန်ခါတင် စာရင်းထဲတွင် ပါ ၀င်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကမ္ဘာ တစ်ဝန်းမှ စွန့်ဦးတီထွင်လိုစိတ်ရှိသူ လူငယ်များအကြား ICT နည်းပညာအခြေ ပြုပြီး မိမိတို့ဒေသအဖွဲ့အစည်း (Local Communities) အား အကျိုးပြု နိုင်ရန် တီထွင်ကြိုးပမ်းမှုများကို အားပေးသည့် အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲ ခေါင်းစဉ်မှာ ITU Telecom World Young Innovators Competition Enterpreneurship Challenge ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျုတာ အသင်းချူပ်မှ မေးမြန်း သိရှိရသည်။ “ပြိုင်ပွဲဝင်ခြင်းအားဖြင့် အတွေ့အကြုံတွေ အများကြီး ရပါတယ်၊ အင်တာနက်ကနေသူတို့ မေးတဲ့မေးခွန်းတွေကိုဖြေရတယ်၊ အဓိကကတော့ သူတို့ဘာ မေးတယ် ဆိုတာကို သဘောပေါက်ဖို့ အင်္ဂလိပ် စာတော့ လိုအပ်တယ်” ဟု “Save the Street Children ခေါင်းစဉ်ဖြင့် ၀င်ပြိုင်ခဲ့ကာ ဆန် ခါတင်စာရင်းထဲတွင် ပါဝင်ခဲ့သည့် Pearl Yadana Software & Soluation မှ ဒေါ်သင်းမိုးဖြူက ပြောသည်။

ITU Telecom World 2015 ကို ဟန်ဂေရီ နိုင်ငံ၊ ဘူတာပတ်စ်မြို့တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ITU Telecom World Young Innovators Competition Enterpreneurship Challenge ကို ထည့်သွင်း ကျင်းပမည်ဖြစ် သည်။ အခမ်းအနားနှင့် ပတ်သက်၍ http:// ideas.itu.int တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။