Parse

Parse ဆိုသည်မှာ တစ်စုံတစ်ခုကို စနစ်ကျသော နည်းလမ်းတစ်ခုဖြင့် ပိုင်းခြားစိတ်ဖြာခြင်း ဖြစ်သည်။ ဘာသာစကားတွင် parse သည် ဆက်စပ်မှုနှင့် အဓိပ္ပာယ်ကို နားလည်စေရန်အတွက် စကားလုံးများနှင့် စကားစုများကို မတူညီသော အစိတ်အပိုင်းများအဖြစ် ပိုင်းခြားခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် အင်္ဂလိပ်ဘာသာကို လေ့လာလိုက်စားသူများသည် တစ်ခါတစ်ရံတွင် ဝါကျတစ်ကြောင်းကို ကတ္တားနှင့် ဝါစကအပြင် စကားစုများ၊ အထူးပြုပုဒ်များ စသည်တို့ကို ပိုင်းခြားရလေ့ရှိသည်။

ယေဘုယျ အဓိပ္ပာယ်တွင် parse သည် တစ်စုံတစ်ယောက်က ရေးသားထားသည်များ သို့မဟုတ် နှုတ်ဖြင့်ပြောကြားမှုများကို ဘာသာပြန်ဆိုခြင်း ဖြစ်သည်။

ကွန်ပျူတာအသုံးအနှုန်းတွင် parse သည် ကွန်ပျူတာ ဘာသာစကားတစ်ခုကို ကွန်ပျူတာအတွက် အသုံးတည့်စေမည့် အစိတ်အပိုင်းများအဖြစ် ပိုင်းခြားခြင်း ဖြစ်သည်။ Program compiler တစ်ခုရှိ parser သည် developer တစ်ဦး ရေးသားထားသော ပရိုဂရမ်တစ်ခုချင်းစီ၏ ညွှန်ကြားချက်ကို main command, options, target objects စသည့် အစိတ်အပိုင်းများအဖြစ် ပိုင်းခြားခြင်း ဖြစ်သည်။ ၎င်းကို အပိုဆောင်း လုပ်ဆောင်ချက်များ ရေးဆွဲခြင်းနှင့် executable program တစ်ခုအဖြစ် ဖန်တီးခြင်းတို့အတွက် ပြုလုပ်ခြင်း ဖြစ်သည်။